စစ်အာဏာရှင်ကို ထိရောက်စွာ တော်လှန်ရန်အတွက် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒွမ်)ဖွဲ့စည်း 

စစ်အာဏာရှင်ကို ထိရောက်စွာ တော်လှန်ရန်အတွက် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒွမ်)ဖွဲ့စည်း 
စက်တင်ဘာ 5, 2021 | ရှမ်းတောင်

စစ်အာဏာရှင်စနစ်ကို တော်လှန်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် လွတ်မြောက်နယ်မြေရောက် ပအိုဝ်းလူငယ်များက ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒွမ်)ကို ဖွဲ့စည်းလိုက်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့၌ ထုတ်ပြန်ကြေညာလာသည်ကို တွေ့ရသည်။

ပအိုဝ်းလူငယ်များက ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒွမ်)သည်  အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ဖက်ဆစ်ဝါဒစနစ်ကျင့်သုံးသည့် မည်သည့် အာဏာရှင်ကိုမဆို အမြစ်ပြတ် ချေမှုန်းသွားမည်ဖြစ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်လာရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။