ကလောတွင် ကျပ်သိန်း (၁၆၀၀) ဝန်းကျင်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိမှုမှ ဆက်စပ်ပြီး ရန်ကုန်တွင် ကျပ်သိန်း (၄၆၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ထပ်မံဖမ်းမိ

ကလောတွင် ကျပ်သိန်း (၁၆၀၀) ဝန်းကျင်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိမှုမှ ဆက်စပ်ပြီး ရန်ကုန်တွင် ကျပ်သိန်း (၄၆၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ထပ်မံဖမ်းမိ
နိုဝင်ဘာ 15, 2020
By Tachileik News Agency
ကလောတွင် ကျပ်သိန်း (၁၆၀၀) ဝန်းကျင်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိမှုမှ ဆက်စပ်ပြီး ရန်ကုန်တွင် ကျပ်သိန်း (၄၆၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ထပ်မံဖမ်းမိ
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုမှ ဆက်စပ်ဖေါ်ထုတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်အတွင်း ကလော - သာစည်လမ်းတွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ ည (၉)နာရီကျော်ဝန်းကျင်က ကလောဘက်မှ သာစည်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးအား ရှာဖွေစစ်ဆေးရာမှ ရန်ကုန်မြို့သို့ လူမဲ့တန်ဆာအဖြစ် တင်ဆောင်လာသော ပီနံအိတ်များအတွင်းမှ ကျပ်သိန်းပေါင်း (၁၆၀၀)ဝန်းကျင် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၆၀,၀၀၀)ပြားကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိမှုမှ စစ်ဆေးဖေါ်ထုတ်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့များ သတင်းချိတ်ဆက်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ (၁၄) ရက်နေ့ နေ့လည် (၁၁)နာရီခွဲဝန်းကျင်တွင် ရန်ကုန်မြို့၊ အောင်မင်္ဂလာကားဝင်းရှိ ကားဂိတ်သို့ အဆိုပါပီနံအိတ်များအား လာရောက်ရွေးယူသည့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်နေ ဝင်းထွန်းဟန်(ခ)ကိုထွန်းကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ဝင်းထွန်းဟန် (ခ) ကိုထွန်းမောင်းနှင်လာသည့် Honda Fit မော်တော်ယာဉ်ပေါ်မှ ICE အလေးချိန် (၁၆) ဂရမ်ကို ရှာဖွေတွေ့ရပြီးနောက် နေ့လယ် (၁၂) နာရီခွဲကျော်တွင် ၎င်း၏နေအိမ်အား ဆက်လက်ရှာဖွေရာ  စုစုပေါင်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း (၄၆၃)သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖြစ်သည့် စိတ်ကြွရူးသွပ်ဆေးပြား (၃၁၈၀၀) ပြားနှင့် ICE  အလေးချိန် (၃၁၀) ဂရမ်တို့အား တွေ့ရကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းမိထားသူများအား သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများ ရေးဖွင့်ပြီး စစ်ဆေးဖေါ်ထုတ်နေကြောင်း သိရသည်။

Tachileik News Agency

ဓါတ်ပုံ - ရဲတပ်ဖွဲ့
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~