ရွမ္းျပည္နယ္ေျမာက္ပိုင္း မႏၱေလး - မူဆယ္ ျပည္ေထာင္စုလမ္းမတြင္ ပစ္ခတ္မႈမ်ားမရိွေတာ့၍ ေမာ္ေတာ္ယာဥ္မ်ား ပံုမွန္အတုိင္း ျဖတ္သန္းသြားလာ

ရွမ္းျပည္နယ္ေျမာက္ပိုင္း မႏၱေလး - မူဆယ္ ျပည္ေထာင္စုလမ္းမတြင္ ပစ္ခတ္မႈမ်ားမရိွေတာ့၍ ေမာ္ေတာ္ယာဥ္မ်ား ပံုမွန္အတုိင္း ျဖတ္သန္းသြားလာ
စက်တင်ဘာ 6, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ မဟာမိတ္ (၃)ဖြဲ႕မွ ထိုးစစ္ရပ္ဆုိင္းေၾကာင္း ေၾကညာၿပီးေနာက္ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းသြားလာမႈအခ်ိဳ႕ရိွလာၿပီး စက္တင္ဘာလ (၆)ရက္ေန႔တြင္ မူဆယ္မွခရီးသည္တင္ယာဥ္လုိင္းမ်ားႏွင့္ ကုန္တင္ယာဥ္မ်ား ျပန္လည္ေျပးဆြဲေနၿပီျဖစ္ေၾကာင္း သိရသည္။

“မေန႔ေလာက္ကေတာ့ မူဆယ္က ခရီးသည္တင္ယာဥ္လုိင္း ႏွစ္ခုက စေျပးဆြဲတယ္။ ဒီေန႔ေတာ့ ယာဥ္လုိင္းအားလံုး ျပန္ေျပးဆြဲတယ္။ ကုန္တင္ယာဥ္ေတြလည္း သြားလာေနၿပီ။ မႏၱေလးနဲ႔ မူဆယ္ၾကား ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္မွာေတာ့ တုိက္ခုိက္တာေတြ မရိွေတာ့ဘူးလုိ႔ သိရတယ္”ဟု မူဆယ္ၿမိဳ႕မွ လုပ္ငန္းရွင္တစ္ဦးျဖစ္သည့္ ဦးေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ (၁၅) ရက္ေန႔က စတင္ၿပီး ေျမာက္ပိုင္းမဟာမိတ္ (၃)ဖြဲ႔၏ တိုက္ခိုက္မႈမ်ားေၾကာင့္ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္မႈမ်ား၊ ျပည္ေထာင္စုလမ္းပိုင္းတြင္ သြားလာသည့္ ေမာ္ေတာ္ယာဥ္မ်ား မီးရိႈ႕ဖ်က္ဆီးျခင္းမ်ား စက္တင္ဘာလ (၃)ရက္ေန႔အထိ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ျပည္ေထာင္စုလမ္းပိုင္းတြင္ ပစ္ခတ္တုိက္ခုိက္မႈမ်ားေၾကာင့္ ၾသဂုတ္လ (၁၇)ရက္ေန႔မွစၿပီး ခရီးသည္တင္ယာဥ္လုိင္းမ်ားႏွင့္ ကုန္တင္ယာဥ္မ်ားမွာ ရပ္နားထားၾကၿပီး လမ္းပိုင္းတြင္ ပိတ္မိေနသည့္ ေမာ္ေတာ္ယာဥ္မ်ားလည္း ရိွေနခဲ့ျခင္းျဖစ္သည္။

လက္ရိွတြင္ မႏၱေလး - မူဆယ္ျပည္ေထာင္စုလမ္းတြင္ ေမာ္ေတာ္ယာဥ္မ်ား သြားလာေနၾကၿပီျဖစ္ေသာ္လည္း မီးရိႈ႕ခံထားရသည့္ကားမ်ား ရွင္းလင္းရျခင္း မရိွေသးေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ေျမာက္ပိုင္းတြင္ တုိက္ခုိက္ေနသည့္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (၃)ဖြဲ႕အပါအဝင္ မဟာမိတ္ (၄)ဖြဲ႔ႏွင့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေကာ္မရွင္တုိ႔ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၃၁)ရက္ေန႔က ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ိဳင္းတံုၿမိဳ႕၌ ေတြ႔ဆံုေဆြးေႏြးၿပီးေနာက္ တပ္မေတာ္က စစ္တုိင္း(၅)တုိင္းတြင္ စစ္ဆင္ေရးရပ္ဆုိင္းျခင္းကို သက္တမ္းထပ္တိုးခဲ့ကာ မဟာမိတ္ (၃)ဖြဲ႕က ျပည္ေထာင္စုလမ္းတေလွ်ာက္ ထိုးစစ္ရပ္ဆုိင္းေၾကာင္း စက္တင္ဘာလ (၂)ရက္ေန႔တြင္ ထုတ္ျပန္ထားျခင္းျဖစ္သည္။

သတင္း - ေနၿဖိဳးျမင့္( Tachileik News Agency )
ဓါတ္ပံု - ကိုေနမ်ိဳး



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် မဟာမိတ် (၃)ဖွဲ့မှ ထိုးစစ်ရပ်ဆိုင်းကြောင်း ကြေညာပြီးနောက် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှုအချို့ရှိလာပြီး စက်တင်ဘာလ (၆)ရက်နေ့တွင် မူဆယ်မှခရီးသည်တင်ယာဉ်လိုင်းများနှင့် ကုန်တင်ယာဉ်များ ပြန်လည်ပြေးဆွဲနပြေီဖြစ်ကြောင်း သိရသည်။

“မနေ့လောက်ကတော့ မူဆယ်က ခရီးသည်တင်ယာဉ်လိုင်း နှစ်ခုက စပြေးဆွဲတယ်။ ဒီနေ့တော့ ယာဉ်လိုင်းအားလုံး ပြန်ပြေးဆွဲတယ်။ ကုန်တင်ယာဉ်တွေလည်း သွားလာနပြေီ။ မန္တလေးနဲ့ မူဆယ်ကြား ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာတော့ တိုက်ခိုက်တာတွေ မရှိတော့ဘူးလို့ သိရတယ်”ဟု မူဆယ်မြို့မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၅) ရက်နေ့က စတင်ပြီး မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့၏ တိုက်ခိုက်မှုများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ၊ ပြည်ထောင်စုလမ်းပိုင်းတွင် သွားလာသည့် မော်တော်ယာဉ်များ မီးရှို့ဖျက်ဆီးခြင်းများ စက်တင်ဘာလ (၃)ရက်နေ့အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလမ်းပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သြဂုတ်လ (၁၇)ရက်နေ့မှစပြီး ခရီးသည်တင်ယာဉ်လိုင်းများနှင့် ကုန်တင်ယာဉ်များမှာ ရပ်နားထားကြပြီး လမ်းပိုင်းတွင် ပိတ်မိနေသည့် မော်တော်ယာဉ်များလည်း ရှိနေခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မန္တလေး - မူဆယ်ပြည်ထောင်စုလမ်းတွင် မော်တော်ယာဉ်များ သွားလာနကြပြေီဖြစ်သော်လည်း မီးရှို့ခံထားရသည့်ကားများ ရှင်းလင်းရခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

မြောက်ပိုင်းတွင် တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၃)ဖွဲ့အပါအဝင် မဟာမိတ် (၄)ဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်တို့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေးပြီးနောက် တပ်မတော်က စစ်တိုင်း(၅)တိုင်းတွင် စစ်ဆင်ရေးရပ်ဆိုင်းခြင်းကို သက်တမ်းထပ်တိုးခဲ့ကာ မဟာမိတ် (၃)ဖွဲ့က ပြည်ထောင်စုလမ်းတလျှောက် ထိုးစစ်ရပ်ဆိုင်းကြောင်း စက်တင်ဘာလ (၂)ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

သတင်း - နဖြေိုးမြင့်( Tachileik News Agency )
ဓာတ်ပုံ - ကိုနေမျိုး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net