လား႐ႈိး - သိႏၷီ - ကြမ္းလုံ လမ္းေပၚရွိ မိုင္းခြဲခံရသည့္တံတားမ်ားေနရာတြင္ ေဘလီတံတားထိုးရန္ ျပင္ဆင္

လား႐ႈိး - သိႏၷီ - ကြမ္းလုံ လမ္းေပၚရွိ မိုင္းခြဲခံရသည့္တံတားမ်ားေနရာတြင္ ေဘလီတံတားထိုးရန္ ျပင္ဆင္
သြဂုတ် 20, 2019
By 🌸
လား႐ႈိး - သိႏၷီ - ကြမ္းလုံ လမ္းေပၚရွိ မိုင္းခြဲဖ်က္ဆီးျခင္းခံရ၍ ပ်က္စီးသြားေသာ တံတား (၃) စင္းေနရာတြင္ ယာယီေဘလီတံတားမ်ား အျမန္ဆုံး ျပန္လည္တည္ေဆာက္ေရးအတြက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕တုိ႔က ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၀)ရက္ေန႔တြင္ လုပ္ငန္းအစီအစဥ္မ်ား ေဆြးေႏြးညွိနႈိင္းေနၿပီ ျဖစ္သည္။

အဆိုပါတံတားမ်ားျပင္ဆင္ေရးအတြက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေက်ာ္လင္း၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ ရွမ္းျပည္နယ္ အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးမ်ား၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္၊ လမ္းဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမွဴးခ်ဳပ္ႏွင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားအဖြဲ႕က ၾသဂုတ္လ (၁၉)ရက္ေန႔တြင္ လားရိႈးၿမိဳ႕၌ ေတြ႔ဆံုေဆြးေႏြးၾကသည္။

မႏၱေလး - လားရိႈးလမ္းမွ မိုင္းခြဲခံရသည့္ ဂုတ္တြင္းတံတားေနရာတြင္ ေဘလီတံတားတည္ေဆာက္ျခင္းမွာ ၾသဂုတ္လ (၂၀)ရက္ေန႔တြင္ ၿပီးစီးမည္ျဖစ္သည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသတြင္ ၾသဂုတ္လ (၁၅)ရက္ေန႔မွစ၍ ျပည္ေထာင္စုလမ္းမတေလွ်ာက္ ပစ္ခတ္တုိက္ခုိက္မႈမ်ားအတြင္း တံတားမ်ား မိုင္းခြဲဖ်က္ဆီးခံရျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု-ေဆာက္လုပ္ေရးဝန္ႀကီးဌာန

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လားရှိုး - သိန္နီ - ကွမ်းလုံ လမ်းပေါ်ရှိ မိုင်းခွဲခံရသည့်တံတားများနေရာတွင် ဘေလီတံတားထိုးရန် ပြင်ဆင်
*********
လားရှိုး - သိန္နီ - ကွမ်းလုံ လမ်းပေါ်ရှိ မိုင်းခွဲဖျက်ဆီးခြင်းခံရ၍ ပျက်စီးသွားသော တံတား (၃) စင်းနေရာတွင် ယာယီဘေလီတံတားများ အမြန်ဆုံး ပြန်လည်တည်ဆောက်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့က ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့တွင် လုပ်ငန်းအစီအစဉ်များ ဆွေးနွေးညှိနှိုင်းနေပြီ ဖြစ်သည်။

အဆိုပါတံတားများပြင်ဆင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က သြဂုတ်လ (၁၉)ရက်နေ့တွင် လားရှိုးမြို့၌ တွေ့ဆုံဆွေးနွေးကြသည်။

မန္တလေး - လားရှိုးလမ်းမှ မိုင်းခွဲခံရသည့် ဂုတ်တွင်းတံတားနေရာတွင် ဘေလီတံတားတည်ဆောက်ခြင်းမှာ သြဂုတ်လ (၂၀)ရက်နေ့တွင် ပြီးစီးမည်ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် သြဂုတ်လ (၁၅)ရက်နေ့မှစ၍ ပြည်ထောင်စုလမ်းမတလျှောက် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း တံတားများ မိုင်းခွဲဖျက်ဆီးခံရခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net