မူဆယ္ၿမိဳ႕ တရုတ္နယ္စပ္ဂိတ္အနီးမွ KTV အေဆာက္အဦ မီးေလာင္မႈျဖစ္ပြား

မူဆယ္ၿမိဳ႕ တရုတ္နယ္စပ္ဂိတ္အနီးမွ KTV အေဆာက္အဦ မီးေလာင္မႈျဖစ္ပြား
ဇွန် 1, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕ တရုတ္နယ္စပ္ ဝင္ေပါက္ဆင္ျဖဴဂိတ္အနီးရွိ ဆိုင္ခန္းတစ္ခန္းတြင္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁) ရက္ေန႔ ေန႔လယ္ပိုင္းက SOHO KTV Royal Club ဆိုင္ခန္းတစ္ခန္း ျပင္ဆင္မႈ လုပ္ေနစဥ္ မီးေလာင္မႈ ျဖစ္ပြားေၾကာင္း သိရသည္။

“ဆင္ျဖဴဝန္းအေရွ႕နားက အေဆာက္အဦးတစ္ခုက ဆိုင္ခန္းတစ္ခန္းကို ျပင္ဆင္မႈလုပ္ရင္း မီးေလာင္မႈ ျဖစ္ပြား တာပါ လူအေသအေပ်ာက္ေတာ့ မရွိပါဘူး” ဟု မူဆယ္ၿမိဳ႕မရဲစခန္းမွ တာဝန္မွဴးရဲအရာရွိက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

SOHO KTV Royal Club ဖြင့္ထားသည့္ သံုးထပ္အေဆာက္အဦ၏ အေပၚဆံုးထပ္အခန္းအား ျပင္ဆင္ရာတြင္ သံျဖတ္စက္သံုးရာမွ ဝါယာေရွာ့ျဖစ္ကာ  ေန႔လယ္ (၁၂) နာရီ မိနစ္ (၂၀)ဝန္းက်င္က စတင္ေလာင္ကၽြမ္းခဲ့ျခင္းျဖစ္ကာ    အခန္းတစ္ခန္း ပ်က္စီးသြားေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားခ့ဲသည့္ SOHO KTV Royal Club မွ တာဝန္ရွိသူအား မူဆယ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - ခင္ေမာင္လြင္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ တရုတ်နယ်စပ် ဝင်ပေါက်ဆင်ဖြူဂိတ်အနီးရှိ ဆိုင်ခန်းတစ်ခန်းတွင် ၂၀၁၈ ခုနှစ် ဇွန်လ (၁) ရက်နေ့ နေ့လယ်ပိုင်းက SOHO KTV Royal Club ဆိုင်ခန်းတစ်ခန်း ပြင်ဆင်မှု လုပ်နေစဉ် မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

“ဆင်ဖြူဝန်းအရှေ့နားက အဆောက်အဦးတစ်ခုက ဆိုင်ခန်းတစ်ခန်းကို ပြင်ဆင်မှုလုပ်ရင်း မီးလောင်မှု ဖြစ်ပွား တာပါ လူအသေအပျောက်တော့ မရှိပါဘူး” ဟု မူဆယ်မြို့မရဲစခန်းမှ တာဝန်မှူးရဲအရာရှိက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

SOHO KTV Royal Club ဖွင့်ထားသည့် သုံးထပ်အဆောက်အဦ၏ အပေါ်ဆုံးထပ်အခန်းအား ပြင်ဆင်ရာတွင် သံဖြတ်စက်သုံးရာမှ ဝါယာရှော့ဖြစ်ကာ နေ့လယ် (၁၂) နာရီ မိနစ် (၂၀)ဝန်းကျင်က စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ အခန်းတစ်ခန်း ပျက်စီးသွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် SOHO KTV Royal Club မှ တာဝန်ရှိသူအား မူဆယ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ခင်မောင်လွင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~