ေက်ာင္းသား (၂)ဦး ရိုက္ႏွက္ခံရၿပီး ဆိုင္ကယ္ပါ လုခံရသည့္အတြက္ တရားခံမ်ားအား ဖမ္းဆီးရမိေရး ႀကိဳးပမ္းေဆာင္ရြက္ေန

ေက်ာင္းသား (၂)ဦး ရိုက္ႏွက္ခံရၿပီး ဆိုင္ကယ္ပါ လုခံရသည့္အတြက္ တရားခံမ်ားအား ဖမ္းဆီးရမိေရး ႀကိဳးပမ္းေဆာင္ရြက္ေန
သြဂုတ် 1, 2018
By Tachileik News Agency
ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕တြင္ အထက(၄)မွ အသက္(၁၅)ႏွစ္ႏွင့္ (၁၃)ႏွစ္အရြယ္ ေက်ာင္းသားႏွစ္ဦး ဇူလုိင္လ (၃၁)ရက္ေန႔ ညေနက ေက်ာင္းဆင္းခ်ိန္ ဆိုင္ကယ္ျဖင့္ ျပန္လာခ်ိန္တြင္ ၎တို႔အား  ရိုက္၍ ဆိုင္ကယ္ လုသျဖင့္ (၁၃)ႏွစ္အရြယ္ေက်ာင္းသားမွာ သတိေမ့လဲသြားၿပီး လိြဳင္ေကာ္ျပည္သူ႔ေဆးရံုတြင္ အတြင္းလူနာအျဖစ္ ကုသမႈခံယူေနရဆဲျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေက်ာင္းသား(၂)ဦး  ရိုက္ႏွက္ခံရၿပီး ဆိုင္ကယ္လုယူခံရမႈေၾကာင့္ လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ ဇူလိုင္လ (၃၁) ရက္ေန႔ ည (၁၁)နာရီ ခြဲက အမႈဖြင့္တိုင္ၾကားရာ (ပ)အမွတ္ ၁၇၉/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၄ ျဖင့္ အမႈဖြင့္ထားၿပီး ထြက္ေျပးတရားခံမ်ား ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

လိြဳင္ေကာ္ၿမိဳ႕ မိုင္းလုံးရပ္ကြက္ရိွ အ.ထ.က (၄)တြင္ နဝမတန္းတက္ေနသည့္ အသက္(၁၅)ႏွစ္အရြယ္ ေမာင္ေဝထြဋ္ႏွင့္ ပဥၥမတန္းတက္ေနသည့္ အသက္(၁၃)ႏွစ္အရြယ္ ေမာင္ေအာင္ေဝယံဟိန္းတို႔သည္ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၃၁) ရက္ေန႔ ညေန (၃)နာရီ ခြဲအခ်ိန္တြင္ ေက်ာင္းဆင္း၍ ေနအိမ္သို႔ ေလာဓမၼရပ္ကြက္၊ ေရႊလက္ဝါးဘုန္းႀကီးေက်ာင္းလမ္းအတိုင္း ျပန္လာျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းသို႔ျပန္လာစဥ္ ျမကလပ္ေတာင္ႏွင့္ ေရႊလက္ဝါးဘုန္းႀကီးေက်ာင္းလမ္းၾကားရိွ ကြၽန္းေတာအနီး လူျပတ္ေသာ ေနရာတြင္ အသက္ (၂၀)ဝန္းက်င္ အမ်ိဳးသား(၂)ဦးက ဆိုင္ကယ္အား တားသျဖင့္ ရပ္ေပးလိုက္ရာမွ ဝါးဆစ္ပိတ္တုတ္ျဖင့္ ၎တို႔ ႏွစ္ဦး  ႐ုိက္ႏွက္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။

ရိုက္ႏွက္ခံရမႈေၾကာင့္ ေမာင္ေဝထြဋ္မွာ ဝဲဘက္မ်က္လုံး ဖူးေရာင္၊ ဝဲနားထင္ေပါက္ၿပဲႏွင့္ နဖူး ဖူးေရာင္ဒဏ္ရာမ်ား ရ႐ွိခဲ့ၿပီး ေမာင္ေအာင္ေဝယံဟိန္းမွာ ဦးေခါင္းေနာက္ေစ့ ဖူးေရာင္ဒဏ္ရာ တစ္ခ်က္ရ႐ွိၿပီး ေမာင္ေဝထြဋ္မွာ သတိေမ့ေနစဥ္ ၎တုိ႔ ေမာင္းႏွင္လာသည့္ Honda Kit-125 အျပာေရာင္ ဆိုင္ကယ္အား  လုယူကာ ျမကလပ္ေတာင္ေျခဘက္သို႔ေမာင္းႏွင္ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

အ႐ုိက္ခံရ၍ ဒဏ္ရာရေနေသာ ေက်ာင္းသားႏွစ္ဦးအား ေက်ာင္းႀကိဳလာသည့္ မိဘတစ္ဦးက ေတြ႔သျဖင့္ သတိလစ္ေနသည့္ ေက်ာင္းသားကို လိြဳင္ေကာ္ေဆးရံုသို႔ ပို႔ေဆာင္ေပးၿပီး ဒဏ္ရာရသည့္ ေက်ာင္းသားကို မိဘမ်ားထံ ပို႔ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။၏

လက္ရိွတြင္ ဦးေခါင္းဒဏ္ရာ ရသြားသျဖင့္ အတြင္းလူနာအျဖစ္ ကုသမႈခံယူေနရသည့္ ပဥၥမတန္း ေက်ာင္းသားမွာ စိုးရိမ္ရသည့္ အေျခအေနတြင္ မရိွေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - ေက်ာ္ပရိေဘာဂ Facebook


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အထက(၄)မှ အသက်(၁၅)နှစ်နှင့် (၁၃)နှစ်အရွယ် ကျောင်းသားနှစ်ဦး ဇူလိုင်လ (၃၁)ရက်နေ့ ညနေက ကျောင်းဆင်းချိန် ဆိုင်ကယ်ဖြင့် ပြန်လာချိန်တွင် ၎င်းတို့အား  ရိုက်၍ ဆိုင်ကယ် လုသဖြင့် (၁၃)နှစ်အရွယ်ကျောင်းသားမှာ သတိမေ့လဲသွားပြီး လွိုင်ကော်ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းသား(၂)ဦး ရိုက်နှက်ခံရပြီး ဆိုင်ကယ်လုယူခံရမှုကြောင့် လွိုင်ကော်မြို့မရဲစခန်းတွင် ဇူလိုင်လ (၃၁) ရက်နေ့ ည (၁၁)နာရီ ခွဲက အမှုဖွင့်တိုင်ကြားရာ (ပ)အမှတ် ၁၇၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးတရားခံများ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ အ.ထ.က (၄)တွင် နဝမတန်းတက်နေသည့် အသက်(၁၅)နှစ်အရွယ် မောင်ဝေထွဋ်နှင့် ပဉ္စမတန်းတက်နေသည့် အသက်(၁၃)နှစ်အရွယ် မောင်အောင်ဝေယံဟိန်းတို့သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့ ညနေ (၃)နာရီ ခွဲအချိန်တွင် ကျောင်းဆင်း၍ နေအိမ်သို့ လောဓမ္မရပ်ကွက်၊ ရွှေလက်ဝါးဘုန်းကြီးကျောင်းလမ်းအတိုင်း ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ပြန်လာစဉ် မြကလပ်တောင်နှင့် ရွှေလက်ဝါးဘုန်းကြီးကျောင်းလမ်းကြားရှိ ကျွန်းတောအနီး လူပြတ်သော နေရာတွင် အသက် (၂၀)ဝန်းကျင် အမျိုးသား(၂)ဦးက ဆိုင်ကယ်အား တားသဖြင့် ရပ်ပေးလိုက်ရာမှ ဝါးဆစ်ပိတ်တုတ်ဖြင့်၎င်းတို့ နှစ်ဦး ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ရိုက်နှက်ခံရမှုကြောင့် မောင်ဝေထွဋ်မှာ ဝဲဘက်မျက်လုံး ဖူးရောင်၊ ဝဲနားထင်ပေါက်ပြဲနှင့် နဖူး ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ပြီး မောင်အောင်ဝေယံဟိန်းမှာ ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာ တစ်ချက်ရရှိပြီး မောင်ဝေထွဋ်မှာ သတိမေ့နေစဉ်၎င်းတို့ မောင်းနှင်လာသည့် Honda Kit-125 အပြာရောင် ဆိုင်ကယ်အား လုယူကာ မြကလပ်တောင်ခြေဘက်သို့မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အရိုက်ခံရ၍ ဒဏ်ရာရနေသော ကျောင်းသားနှစ်ဦးအား ကျောင်းကြိုလာသည့် မိဘတစ်ဦးက တွေ့သဖြင့် သတိလစ်နေသည့် ကျောင်းသားကို လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်ပေးပြီး ဒဏ်ရာရသည့် ကျောင်းသားကို မိဘများထံ ပို့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။၏

လက်ရှိတွင် ဦးခေါင်းဒဏ်ရာ ရသွားသဖြင့် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရသည့် ပဉ္စမတန်း ကျောင်းသားမှာ စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ကျော်ပရိဘောဂ Facebook

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~