ကယားပြည် ဒေါတမကြီးကျေးရွာနှင့် ထေခိုကျေးရွာတို့အား နိုင်ငံခြားသားခရီးသွားများ ကန့်သတ်ဧရိယာအဖြစ်မှ ပယ်ဖျက်မည်
ကယားပြည် ဒေါတမကြီးကျေးရွာနှင့် ထေခိုကျေးရွာတို့အား နိုင်ငံခြားသားခရီးသွားများ ကန့်သတ်ဧရိယာအဖြစ်မှ ပယ်ဖျက်မည်
ဒီဇငျဘာ 26, 2018
By Tachileik News Agency
ကယားပြည်နယ်အတွင်း လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ဆောင်ရွက်နေသည့် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာနှင့် ဖရူဆိုမြို့နယ်၊ ထေခိုကျေးရွာတို့အား နိုင်ငံခြားသားခရီးသွားများ သွားလာမှုကို ကန့်သတ်ထားခြင်းမှ ပယ်ဖျက်ပေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်အတွင်း ကယားလူမျိုးများနေထိုင်သည့် ဒေါတမကြီးကျေးရွာနှင့် ဖရူဆိုမြို့နယ်အတွင်း ကယောလူမျိုးနေထိုင်သည့် ထေခိုကျေးရွာတို့တွင် လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ဖေါ်ဆောင် နေသော်လည်း လက်ရှိတွင် ကန့်သတ်ဧရိယာအဖြစ် သတ်မှတ်ထားရာ နိုင်ငံခြားသားခရီးသွားများ လည်ပတ်လိုပါက ပြည်နယ်အစိုးရ၏ တာဝန်ခံမှုဖြင့် သွားလာနေရခြင်းဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်တွင် လူထုအခြေပြုခရီးသွားလုပ်ငန်းများကို ကယန်းလူမျိုးများနေထိုင်သည့် ပန်ပက်ကျေးရွာ၊ ကယားလူမျိုးများနေထိုင်သည့် တနီးလာလဲကျေးရွာနှင့် ဒေါတမကြီးကျေးရွာ၊ ကယောလူမျိုးများ နေထိုင်သည့် ထေခိုကျေးရွာတို့တွင် ဆောင်ရွက်နေပြီး ခရီးစဉ်သစ်များလည်း ရှာဖွေနေကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
~~~~~~~~⊰❂Unicode Version ~~~~~~~~
ကယားပြည်နယ်အတွင်း လူထုအခြပြေုခရီးသွားလုပ်ငန်း (CBT) ဆောင်ရွက်နေသည့် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာနှင့် ဖရူဆိုမြို့နယ်၊ ထေခိုကျေးရွာတို့အား နိုင်ငံခြားသားခရီးသွားများ သွားလာမှုကို ကန့်သတ်ထားခြင်းမှ ပယ်ဖျက်ပေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။
"ဒီကျေးရွာနှစ်ရွာက CBT လုပ်ထားတာပေါ့။ ဒါပေမဲ့ ကန့်သတ်ဧရိယာအဖြစ် သတ်မှတ်ထားတယ်။ အရင်ကတော့ ပြည်နယ်အစိုးရ အစီအစဉ်နဲ့ ဝန်ကြီးချုပ်က တာဝန်ခံမှုနဲ့ ပြည်နယ်ကနေ ခွင့်ပြုချက်လုပ်ပြီးသွား နကြေရတာပေါ့။ ကန့်သတ်ဧရိယာဆိုတာ ပြည်ထောင်စုအစိုးရက ခွင့်ပြုမှ သွားလို့ရတဲ့ နေရာပေါ့။ ဒီရွာနှစ်ရွာက မတူညီတဲ့ လူမျိုးစုတွေရဲ့ ရိုးရာဓလေ့နေထိုင်မှုတွေအတိုင်း ကျန်နေတဲ့ရွာတွဖြေစ်တယ်။ ပြီးတော့ နိုင်ငံခြားသားတွေလည်း အရမ်းကြိုက်တဲ့နေရာဆိုတော့ ကျွန်တော်တို့က ကန့်သတ်ဧရိယာထဲက ပယ်ဖျက်ပေးဖို့ ပေါင်းပြီးတင်ပြလိုက်ကြတာပေါ့“ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ လွိုင်ကော်ရုံးတာဝန်ခံ ဦးလင်းဇော်ထွဋ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဒီးမော့ဆိုမြို့နယ်အတွင်း ကယားလူမျိုးများနေထိုင်သည့် ဒေါတမကြီးကျေးရွာနှင့် ဖရူဆိုမြို့နယ်အတွင်း ကယောလူမျိုးနေထိုင်သည့် ထေခိုကျေးရွာတို့တွင် လူထုအခြပြေုခရီးသွားလုပ်ငန်း (CBT) ဖော်ဆောင် နေသော်လည်း လက်ရှိတွင် ကန့်သတ်ဧရိယာအဖြစ် သတ်မှတ်ထားရာ နိုင်ငံခြားသားခရီးသွားများ လည်ပတ်လိုပါက ပြည်နယ်အစိုးရ၏ တာဝန်ခံမှုဖြင့် သွားလာနေရခြင်းဖြစ်ကြောင်း သိရသည်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အဆိုပါကျေးရွာ(၂)ခုအား ကန့်သတ်ဧရိယာအဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်နယ်အစိုးရနှင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်း၍ လွန်ခဲ့သည့် နှစ်လခန့်က ပြည်ထောင်စုအစိုးရထံ တင်ပြထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်တွင် လူထုအခြပြေုခရီးသွားလုပ်ငန်းများကို ကယန်းလူမျိုးများနေထိုင်သည့် ပန်ပက်ကျေးရွာ၊ ကယားလူမျိုးများနေထိုင်သည့် တနီးလာလဲကျေးရွာနှင့် ဒေါတမကြီးကျေးရွာ၊ ကယောလူမျိုးများ နေထိုင်သည့် ထေခိုကျေးရွာတို့တွင် ဆောင်ရွက်နပြေီး ခရီးစဉ်သစ်များလည်း ရှာဖွေနေကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း 
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~