မူဆယ္တြင္ ေသနတ္ပစ္ခတ္မႈ ျဖစ္ပြားသည့္ ေလာင္းကစားရံုမွ ပိုင္ရွင္ႏွင့္ ၀န္ထမ္းမ်ားအား ေလာင္းကစား စက္ပစၥည္းမ်ားႏွင့္ ဖမ္းဆီးရမိ

မူဆယ္တြင္ ေသနတ္ပစ္ခတ္မႈ ျဖစ္ပြားသည့္ ေလာင္းကစားရံုမွ ပိုင္ရွင္ႏွင့္ ၀န္ထမ္းမ်ားအား ေလာင္းကစား စက္ပစၥည္းမ်ားႏွင့္ ဖမ္းဆီးရမိ
ဇွန် 11, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕၊ ဟိုမြန္ရပ္ကြက္၊ သိန္းသန္းခ်ီကားဝင္းအတြင္း ထြက္ေပၚလာသည့္ ေသနတ္သံေၾကာင့္ ရဲႏွင့္ တပ္မေတာ္တုိ႔ ပူးေပါင္းအဖြဲ႕ျဖင့္ သြားေရာက္ စစ္ေဆးရာ 889 အမည္ရွိ ဂိမ္းေလာင္းကစား႐ုံ ပိုင္ရွင္ႏွင့္ အမ်ိဳးသမီး(၄)ဦးတို႔အား ေလာင္းကစားဂိမ္းခံုမ်ားႏွင့္အတူ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၀)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

သိန္းသန္းခ်ီကားဝင္းအတြင္း ေသနတ္ပစ္ေဖာက္သံ ၾကားရေၾကာင္း မူဆယ္ခ႐ိုင္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ တပ္မေတာ္သားမ်ား ပါဝင္ေသာ ဦးစီး ပူးေပါင္းအဖြဲ႕တို႔က ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၀)ရက္ေန႔ ေန႔လယ္တြင္ သြားေရာက္ စစ္ေဆးခဲ့ရာ အဆိုပါ ကားဝင္းအတြင္းမွ 889 အမည္ရွိ ဂိမ္းေလာင္းကစား႐ုံတြင္ ဂိမ္းဆုိင္ ပိုင္ရွင္ျဖစ္သူ အသက္ (၃၉)နွစ္အရြယ္ အားယုံႏွင့္ အမ်ိဳးသမီး (၄)ဦးအား ဂိမ္းေလာင္းကစားရာတြင္ အသုံးျပဳသည့္ ငါးဂိမ္းစက္ (၁၀) လုံး၊ ေျခာက္ေကာင္ဂ်င္အန္စာတုံး (၆) တုံး၊ ဖဲထုပ္မ်ား၊ ဂိမ္းဆိုင္လက္ေဆာင္ ကတ္ တစ္ေသာင္းက်ပ္တန္ (၈၀) ကတ္၊ ငါးေထာင္က်ပ္တန္ (၈၀) ကတ္၊ သံုးေထာင္က်ပ္တန္ (၅၀) ကတ္၊ ေလာင္းေၾကးေငြ က်ပ္ (၁၄) သိန္း၊ လက္ကိုင္ဖုန္းမ်ိဳးစုံ (၄၇) လုံး၊ လက္ပတ္နာရီမ်ိဳးစုံ (၈) လုံးႏွင့္ အျခားဆက္စပ္ပစၥည္းမ်ားအား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ေသနတ္ပစ္ေဖါက္မႈမွာ အဆိုပါ ဂိမ္းေလာင္းကစားရံုမွ အလုပ္သမား မခ်စ္ျမတ္ႏိုးႏွင့္ ဂိမ္းလာ ေရာက္ကစားသူ အမ်ိဳးသားတစ္ဦးတို႔ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၀)ရက္ေန႔က စကားမ်ားရာ မခ်စ္ျမတ္ႏိုးက ဖုန္းဆက္ အေၾကာင္းၾကားသျဖင့္ လူ (၃) ဦးခန္႔ ေမာ္ေတာ္ယာဥ္ျဖင့္ ေရာက္ရွိလာၿပီး ဆိုင္ေရွ႕လမ္းေပၚမွ မိုးေပၚေထာင္၍ ေသနတ္သံုးခ်က္ ပစ္ေဖာက္ကာ ျပန္လည္ထြက္ခြာသြားျခင္းျဖစ္ေၾကာင္းသိရသည္။

ဂိမ္းဆိုင္ပိုင္ရွင္ အားယုံႏွင့္ ေလာင္းကစားရံုတြင္ ေတြ႔ရသည့္ အမ်ိဳးသမီး(၄)ဦးတို႔အား မူဆယ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ)၂၀၅/၂၀၁၈၊ ေလာင္းကစားပုဒ္မ ၁၃(က)/၁၄(က)ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရိွေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီကားဝင်းအတွင်း ထွက်ပေါ်လာသည့် သေနတ်သံကြောင့် ရဲနှင့် တပ်မတော်တို့ ပူးပေါင်းအဖွဲ့ဖြင့် သွားရောက် စစ်ဆေးရာ 889 အမည်ရှိ ဂိမ်းလောင်းကစားရုံ ပိုင်ရှင်နှင့် အမျိုးသမီး(၄)ဦးတို့အား လောင်းကစားဂိမ်းခုံများနှင့်အတူ ၂၀၁၈ ခုနှစ် ဇွန်လ (၁၀)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

သိန်းသန်းချီကားဝင်းအတွင်း သေနတ်ပစ်ဖောက်သံ ကြားရကြောင်း မူဆယ်ခရိုင် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ ပါဝင်သော ဦးစီး ပူးပေါင်းအဖွဲ့တို့က ၂၀၁၈ ခုနှစ် ဇွန်လ (၁၀)ရက်နေ့ နေ့လယ်တွင် သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါ ကားဝင်းအတွင်းမှ 889 အမည်ရှိ ဂိမ်းလောင်းကစားရုံတွင် ဂိမ်းဆိုင် ပိုင်ရှင်ဖြစ်သူ အသက် (၃၉)နှစ်အရွယ် အားယုံနှင့် အမျိုးသမီး (၄)ဦးအား ဂိမ်းလောင်းကစားရာတွင် အသုံးပြုသည့် ငါးဂိမ်းစက် (၁၀) လုံး၊ ခြောက်ကောင်ဂျင်အန်စာတုံး (၆) တုံး၊ ဖဲထုပ်များ၊ ဂိမ်းဆိုင်လက်ဆောင် ကတ် တစ်သောင်းကျပ်တန် (၈၀) ကတ်၊ ငါးထောင်ကျပ်တန် (၈၀) ကတ်၊ သုံးထောင်ကျပ်တန် (၅၀) ကတ်၊ လောင်းကြေးငွေ ကျပ် (၁၄) သိန်း၊ လက်ကိုင်ဖုန်းမျိုးစုံ (၄၇) လုံး၊ လက်ပတ်နာရီမျိုးစုံ (၈) လုံးနှင့် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သေနတ်ပစ်ဖောက်မှုမှာ အဆိုပါ ဂိမ်းလောင်းကစားရုံမှ အလုပ်သမား မချစ်မြတ်နိုးနှင့် ဂိမ်းလာ ရောက်ကစားသူ အမျိုးသားတစ်ဦးတို့ ၂၀၁၈ ခုနှစ် ဇွန်လ (၁၀)ရက်နေ့က စကားများရာ မချစ်မြတ်နိုးက ဖုန်းဆက် အကြောင်းကြားသဖြင့် လူ (၃) ဦးခန့် မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး ဆိုင်ရှေ့လမ်းပေါ်မှ မိုးပေါ်ထောင်၍ သေနတ်သုံးချက် ပစ်ဖောက်ကာ ပြန်လည်ထွက်ခွာသွားခြင်းဖြစ်ကြောင်းသိရသည်။

ဂိမ်းဆိုင်ပိုင်ရှင် အားယုံနှင့် လောင်းကစားရုံတွင် တွေ့ရသည့် အမျိုးသမီး(၄)ဦးတို့အား မူဆယ်မြို့မ ရဲစခန်းတွင် (ပ)၂၀၅/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~