လားရိႈး - နမၼတူလမ္းမွ တံတား(၂)စင္းေရေက်ာ္ေန၍ ေရက်သည္အထိ ယာယီပိတ္ထားမည္

လားရိႈး - နမၼတူလမ္းမွ တံတား(၂)စင္းေရေက်ာ္ေန၍ ေရက်သည္အထိ ယာယီပိတ္ထားမည္
စက်တင်ဘာ 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈး - နမၼတူလမ္းရွိ တံတား(၂)စင္းမွာ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂) ရက္ေန႔ နံနက္ပိုင္းမွ စ၍ (၃)ေပေက်ာ္အထိ ေရတက္လာၿပီး ညေနပိုင္းအထိ ေရမက်ေသးသျဖင့္ လမ္းပိုင္းျဖတ္သန္း သြားလာမႈကို ယာယီပိတ္ထားမည္ ျဖစ္ေၾကာင္း လားရိႈးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနထံမွ သိရသည္။

“ဒီညေန အဲဒီေနရာကေန ျပန္လာတဲ့အထိ လမ္းတာဝန္ရွိသူေတြရဲ႕ စစ္ေဆးခ်က္ေတြအရ အျမင့္ဆံုးေရတက္ ေနတဲ့အျမင့္ဟာ (၃) ေပခြဲေက်ာ္ေက်ာ္ေလာက္ ရွိပါတယ္။ ဒါေၾကာင့္ အဲဒီလမ္းပိုင္း ေရေက်ာ္ေနတဲ့ တံတားႏွစ္ခုရဲ႕ ဟိုဘက္ဒီဘက္မွာ လမ္းကိုစၿပီး ပိတ္ထားလိုက္ပါတယ္။ ေနာက္ရက္မွာ ေရအတက္အက်ကို ၾကည့္ၿပီးမွ အေျခအေနအရ ျပန္ဖြင့္ေပးသြားမွာ ျဖစ္ပါတယ္” ဟု လားရိႈးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေနလင္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

လားရိႈးၿမိဳ႕နယ္အတြင္း ၾသဂုတ္လ (၃၁) ရက္ေန႔ ညပိုင္းမွ စတင္၍ မိုးသည္းထန္မႈေၾကာင့္ အနိမ့္ပိုင္း လူေနရပ္ကြက္မ်ားတြင္ ေရနစ္ျမဳပ္မႈကာ လားရိႈး - မိုင္းေယာ္လမ္းပိုင္းတြင္ ေရေက်ာ္ခဲ့သျဖင့္ စက္တင္ဘာလ (၁) ရက္ေန႔မွစ၍ ျဖတ္သန္းသြားလာမႈကို ပိတ္ထားရၿပီး စက္တင္ဘာလ (၂) ရက္ေန႔ နံနက္ (၉) နာရီခန္႔မွစ၍ လားရိႈး - နမၼတူလမ္းပိုင္းတြင္လည္း ေရေက်ာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မနက္ (၉)နာရီေလာက္ကေနစၿပီး အီႏိုင္းရြာအဝင္ တံတားကေရေက်ာ္တယ္။ လမ္းက လႈိင္းလို အနိမ့္အျမင့္ ရွိတဲ့အတြက္ ေရဝပ္တဲ့ေနရာက တစ္ဖာလံုေလာက္ ႏွစ္ေနရာရွိတယ္။ ယာဥ္ေတြကိုေတာ့ ျဖတ္သန္းသြားလာမႈ တားထားတယ္။ လူေတြအတြက္ ေဖါင္ဖြဲ႔ၿပီးေတာ့ လူမႈကူညီေရးအသင္းေတြက ပို႔ေဆာင္ေပးတာမ်ိဳး ကူညီပါတယ္” ဟု ေမတၱာစမ္းေရ လူမႈကူညီေရးအသင္း(လားရိႈ) မွ အသင္း၏ တြဲဘက္အတြင္းေရးမွဴး ဦးျပည့္ေဇာ္ေအာင္က ေျပာသည္။

လမ္းပိုင္းေရတက္ေနသည့္မ်ားတြင္ ျဖတ္သန္း သြားလာသူမ်ားကို မီးသတ္တပ္ဖြဲ႕ႏွင့္ လူမႈကူညီေရးအဖြဲ႕တုိ႔က ရာဘာေလွျဖင့္ ကူးျဖတ္ေပးျခင္းကို ကူညီလုပ္ေဆာင္ေပးေနၾကၿပီး သက္ဆိုင္ရာ ဌာနတာဝန္ရိွသူမ်ားကလည္း ေရတက္ေနသည့္အေျခအေနမ်ားကို ၾကည့္ရႈစစ္ေဆးမႈမ်ား လုပ္ေနေၾကာင္း သိရသည္။

လားရိႈး - နမၼတူလမ္းပိုင္းတြင္ ဇူလိုင္လအတြင္းကလည္း ေရေက်ာ္သျဖင့္္ ျဖတ္သန္းသြားလာမႈမ်ားကို (၅) ရက္ခန္႔ ပိတ္ထားခဲ့ရေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - စိုင္းေအာင္



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး - နမ္မတူလမ်းရှိ တံတား(၂)စင်းမှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့ နံနက်ပိုင်းမှ စ၍ (၃)ပေကျော်အထိ ရေတက်လာပြီး ညနေပိုင်းအထိ ရေမကျသေးသဖြင့် လမ်းပိုင်းဖြတ်သန်း သွားလာမှုကို ယာယီပိတ်ထားမည် ဖြစ်ကြောင်း လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

“ဒီညနေ အဲဒီနေရာကနေ ပြန်လာတဲ့အထိ လမ်းတာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်တွေအရ အမြင့်ဆုံးရေတက် နေတဲ့အမြင့်ဟာ (၃) ပေခွဲကျော်ကျော်လောက် ရှိပါတယ်။ ဒါကြောင့် အဲဒီလမ်းပိုင်း ရေကျော်နေတဲ့ တံတားနှစ်ခုရဲ့ ဟိုဘက်ဒီဘက်မှာ လမ်းကိုစပြီး ပိတ်ထားလိုက်ပါတယ်။ နောက်ရက်မှာ ရေအတက်အကျကို ကြည့်ပြီးမှ အခြေအနေအရ ပြန်ဖွင့်ပေးသွားမှာ ဖြစ်ပါတယ်” ဟု လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့နယ်အတွင်း သြဂုတ်လ (၃၁) ရက်နေ့ ညပိုင်းမှ စတင်၍ မိုးသည်းထန်မှုကြောင့် အနိမ့်ပိုင်း လူနေရပ်ကွက်များတွင် ရေနစ်မြုပ်မှုကာ လားရှိုး - မိုင်းယော်လမ်းပိုင်းတွင် ရေကျော်ခဲ့သဖြင့် စက်တင်ဘာလ (၁) ရက်နေ့မှစ၍ ဖြတ်သန်းသွားလာမှုကို ပိတ်ထားရပြီး စက်တင်ဘာလ (၂) ရက်နေ့ နံနက် (၉) နာရီခန့်မှစ၍ လားရှိုး - နမ္မတူလမ်းပိုင်းတွင်လည်း ရေကျော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနက် (၉)နာရီလောက်ကနေစပြီး အီနိုင်းရွာအဝင် တံတားကရေကျော်တယ်။ လမ်းက လှိုင်းလို အနိမ့်အမြင့် ရှိတဲ့အတွက် ရေဝပ်တဲ့နေရာက တစ်ဖာလုံလောက် နှစ်နေရာရှိတယ်။ ယာဉ်တွေကိုတော့ ဖြတ်သန်းသွားလာမှု တားထားတယ်။ လူတွေအတွက် ဖောင်ဖွဲ့ပြီးတော့ လူမှုကူညီရေးအသင်းတွေက ပို့ဆောင်ပေးတာမျိုး ကူညီပါတယ်” ဟု မေတ္တာစမ်းရေ လူမှုကူညီရေးအသင်း(လားရှို) မှ အသင်း၏ တွဲဘက်အတွင်းရေးမှူး ဦးပြည့်ဇော်အောင်က ပြောသည်။

လမ်းပိုင်းရေတက်နေသည့်များတွင် ဖြတ်သန်း သွားလာသူများကို မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအဖွဲ့တို့က ရာဘာလှဖြေင့် ကူးဖြတ်ပေးခြင်းကို ကူညီလုပ်ဆောင်ပေးနကြပြေီး သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများကလည်း ရေတက်နေသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးမှုများ လုပ်နေကြောင်း သိရသည်။

လားရှိုး - နမ္မတူလမ်းပိုင်းတွင် ဇူလိုင်လအတွင်းကလည်း ရေကျော်သဖြင့် ဖြတ်သန်းသွားလာမှုများကို (၅) ရက်ခန့် ပိတ်ထားခဲ့ရကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - စိုင်းအောင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~