ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့တွင် လက်ပစ်ဗုံး တစ်လုံးနှင့်အတူ ကျပ်သိန်းပေါင်း (၂၃၇)သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့တွင် လက်ပစ်ဗုံး တစ်လုံးနှင့်အတူ ကျပ်သိန်းပေါင်း (၂၃၇)သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
နိုဝင်ဘာ 16, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့တွင် လက်ပစ်ဗုံး တစ်လုံးနှင့်အတူ ကျပ်သိန်းပေါင်း (၂၃၇)သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ  ဖမ်းမိ
ကျပ်သိန်းပေါင်း (၂၃၇)သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအပါအဝင် လက်ပစ်ဗုံး(၁)လုံးတို့ကို မိုင်းရယ်မြို့တွင် အမျိုးသား(၃)ဦးနှင့်အတူ နိုဝင်ဘာလ(၁၅)ရက်နေ့က ဖမ်းဆီးရမိ၍ ကွင်းဆက်ဖော်ထုတ်ရမိရေး ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့၊ ရပ်ကွက်(၃)၊ နယ်မြေ(၄)ရှိ လုံးအောင်၏ နေအိမ်အား ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်အချိန်က သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် စစ်ဆေးရှာဖွေရာ အမျိုးသား (၃)ဦးနှင့်အတူ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ပူးပေါင်းအဖွဲ့က အဆိုပါ နေအိမ်တွင် ဝင်ရောက်ရှာဖွေရာ လုံးအောင် အပါအဝင် တစ်ရပ်ကွက်တည်းနေ ဆန်အာ နှင့် မောင်စောတို့ကို တွေ့ရရှိပြီး  နေအိမ်အတွင်း ရှာဖွေရာ အိပ်ခန်းအတွင်းမှ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး (၁)လုံးကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍  ခြံဝန်းအတွင်း ရှာဖွေရာ မြေကြီးထဲတွင် မြုပ်နှံထားသည့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၂၃,၇၉၀)ပြားကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း နှင့် အဆိုပါ ဆေးပြားများ၏ ကာလတန်ဖိုးငွေမှာ ကျပ် (၂၃၇.၉)သိန်းရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့် လက်ပစ်ဗုံးတို့ဖြင့် ဖမ်းဆီးရမိသည့် အသက်(၅၀)နှစ်ရှိ လုံးအောင်၊ အသက်(၂၅)နှစ်ရှိ ဆန်အာ နှင့် အသက်(၂၅)နှစ်ရှိ မောင်စောတို့ကို မိုင်းရယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ကာ ဆက်လက်စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~