ကယားပြည်နယ် ဒီးမော့ဆိုတွင် တစ်နေ့တည်း မိုးကြိုးထိမှန်၍ (၃)ဦးသေဆုံး

ကယားပြည်နယ် ဒီးမော့ဆိုတွင် တစ်နေ့တည်း မိုးကြိုးထိမှန်၍ (၃)ဦးသေဆုံး
မေ 11, 2020
By Tachileik News Agency
ကယားပြည်နယ် ဒီးမော့ဆိုတွင် တစ်နေ့တည်း မိုးကြိုးထိမှန်၍  (၃)ဦးသေဆုံး

ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်အတွင်း  မေလ (၁၁)ရက်နေ့ တစ်ရက်တည်းတွင်  မိုးကြိုးထိမှန်ခံရမှုကြောင့် လူပေါင်း (၃)ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စုအတွင်း ညောင်ကုန်းစိုက်ကွင်း၌ မေလ (၁၁)ရက်နေ့ နေ့လည်ပိုင်းက အသက်(၄၁) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် (၇) နှစ်အရွယ်၎င်း၏ သမီးဖြစ်သူ တို့မှာ လယ်စိုက်နေစဉ် မိုးကြိုးထိမှန်ခံရ၍ သေဆုံးခဲ့သည်။

ယင်းအပြင် ဒီးမော့ဆိုမြို့နယ် ၊ နန်းမယ်ခုံမြို့ ဘုရားဖြူကျေးရွာ၏ အရှေ့ဘက် ကွင်းပြင်တွင်လည်း လယ်ထွန်နေသည့် အသက်  (၄၆)နှစ်အရွယ် အမျိုးသားတစ်ဦး မိုးကြိုး ထိမှန်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် ငွေတောင်ဖက်မှာတော့ သားအမိနှစ်ယောက်ပေါ့၊ မိုးကြိုထိမှန်ပြီးသေတယ်။ ဘုရားဖြူဖက်မှာတော့ အမျိုးသားတစ်ယောက် ထွန်စက်မောင်းလယ်ထွန်နေရင်း မိုးကြိုးထိပြီးသေသွားပါတယ်ခင်ဗျ။

ဟု ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင် ကတာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

သေဆုံးသူများမှာ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာတွင် နေထိုင်သူ ဒေါ်လူစီးယာ နှင့် ၎င်း၏ သမီးဖြစ်သူ မ ဂျိုးစဖင်းစုခိုင်နှင်း နှင့် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ အိုကေကျေးရွာတွင်နေထိုင်သည့် ဦးစောအယ်တာဝါး တို့ဖြစ်ပြီး ၎င်းတို့မှာ မေလ (၁၁) ရက်နေ့နေ့လယ်ပိုင်း  တစ်ရက်တည်းတွင် မိုးကြိုးထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~