တာချီလိတ်ရှိ Quarantine မှ နေရပ်ပြန်များ အပါအဝင် (၇၄)ဦး၏ ဓါတ်ခွဲနမူနာများကို ဇွန်လ(၁၀)ရက်နေ့တွင် ပို့စစ်ထား

တာချီလိတ်ရှိ Quarantine မှ နေရပ်ပြန်များ အပါအဝင် (၇၄)ဦး၏ ဓါတ်ခွဲနမူနာများကို ဇွန်လ(၁၀)ရက်နေ့တွင် ပို့စစ်ထား
ဇွန် 10, 2020
By Tachileik News Agency

တာချီလိတ်ရှိ Quarantine မှ နေရပ်ပြန်များ အပါအဝင် (၇၄)ဦး၏ ဓါတ်ခွဲနမူနာများကို ဇွန်လ(၁၀)ရက်နေ့တွင် ပို့စစ်ထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ပြန်လာသူ (၆၄)ဦး၊ Quarantine Center မှ ကျန်းမာရေးဝန်ထမ်း (၅) ဦးနှင့် ကြက်ခြေနီ (၅) ဦးတို့ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့၌ ဓာတ်ခွဲနမူနာ ရယူ၍ ရန်ကုန်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

“quarantine center ကနေ နေရပ်ပြန် (၆၄)ယောက်၊ ကျန်းမာရေးဝန်ထမ်း (၅)ယောက်နဲ့ ကြက်ခြေနီ (၅)ယောက်ကို ဓာတ်ခွဲနမူနာယူထားတယ်။ ကျိုင်းတုံကနေတစ်ဆင့် ရန်ကုန်ကိုပို့ပါမယ်”ဟု တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုးကုတ်ဝိပဿနာတရားရိပ်သာ quarantine center တွင် ဇွန်လ (၅)ရက်နေ့က ဝင်ရောက်လာသည့် ထိုင်းနိုင်ငံမှ (၇၆)ဦးနှင့် ဇွန်လ (၆)ရက်နေ့၌ လာအိုနိုင်ငံမှ ဝင်ရောက်လာသည့် (၁)ဦးတို့မှာ ဇွန်လ (၁၀)ရက်နေ့၌ ဓာတ်ခွဲအဖြေတွင် ပိုးမတွေ့ရကြောင်း အဖြေရရှိ၍ နံနက် (၉)နာရီတွင် နေရပ်အသီးသီးသို့ ပြန်သွားကြပြီဖြစ်သည်။

“quarantine center က ဓာတ်ခွဲအဖြေစောင့်တဲ့ အသုတ်ကတော့ ပိုးမတွေ့အဖြေထွက်လို့ မနက်က ပြန်ပို့လိုက်ပါပြီ။ အခု ဓာတ်ခွဲအဖြေစောင့်နေတာ မနေ့က ဝင်လာတဲ့ (၆၄)ဦးရှိတယ်။ quarantine center မှာ ဓာတ်ခွဲအဖြေစောင့်နေတဲ့သူတွေကို အစားအသောက်လှူဒါန်းချင်တဲ့သူရှိရင်လည်း ဆက်သွယ်လှူဒါန်းလို့ရပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

ထိုင်းနိုင်ငံ၊ မယ့်ဖားလုံတက္ကသိုလ်မှ ကျောင်းပိတ်၍ ပြန်လာသည့် ကျောင်းသားကျောင်းသူ (၁၉)ဦး၊ နေရပ်ပြန် (၃၂)ဦးနှင့် ပြစ်ဒဏ်စေ့၍လွှဲပြောင်းပေးလာသူ (၁၃)ဦး စုစုပေါင်း (၆၄)ဦးတို့ကို ဇွန်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီဝန်းကျင်က မယ်ဆိုင်ဘက်မှ တာဝန်ရှိသူများနှင့် မြန်မာအလုပ်သမားသံအရာရှိတို့က မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)မှတစ်ဆင့် လွှဲပြောင်းပေးလာရာ တာချီလိတ်ဘက်မှ တာဝန်ရှိသူများက စိစစ်လက်ခံထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~