ရခိုင်ပြည်နယ်တွင် မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့်သူနာပြု စုစုပေါင်း (၂၂)ဦးသည် ဒုတိယအသုတ်အဖြစ် စစ်တွေမြို့သို့ ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၅)ရက်နေ့တွင် ရောက်ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။
၂၀၂၀ခုနှစ် ဩဂုတ်လ(၂၃)ရက်နေ့ကလည်း မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မည့် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (၁) ဦး၊ ရောဂါဗေဒအထူးကုဆရာဝန်ကြီး (၁) ဦး၊ လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) (၃) ဦး၊ လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) (၁) ဦး၊ လက်ထောက်ဆရာဝန် (ရောဂါဗေဒ) (၁) ဦး၊ လက်ထောက်ဆရာဝန် (အဏုဇီဝဗေဒ) (၁) ဦး၊ လက်ထောက်ဆရာဝန် (၁၃) ဦး၊ သူနာပြုဆရာအုပ်ကြီး (၁) ဦး၊ အထက်တန်းသူနာပြု (၁) ဦးနှင့် သူနာပြု (၁) ဦး စုစုပေါင်း (၂၃)ဦးသည်လည်း ရောက်ရှိသွားခြင်း ဖြစ်သည်။