လာအိုပြည်တော်ပြန် အတည်ပြုလူနာ Case 311 နှင့် အနီးကပ်ထိတွေ့သူ (၁၅) ဦးကို အသွားအလာကန့်သတ်

လာအိုပြည်တော်ပြန် အတည်ပြုလူနာ Case 311 နှင့် အနီးကပ်ထိတွေ့သူ (၁၅) ဦးကို အသွားအလာကန့်သတ်
ဇူလိုင် 5, 2020
By 🌸
လာအိုပြည်တော်ပြန် အတည်ပြုလူနာ Case 311 နှင့် အနီးကပ်ထိတွေ့သူ (၁၅) ဦးကို အသွားအလာကန့်သတ်

လာအိုနိုင်ငံက ပြန်လာပြီးမှ ပိုးတွေ့ရှိသည့်  COVID 19 အတည်ပြုလူနာ Case 311 နှင့် ပတ်သက်၍  တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းမှ တဆင့် ရန်ကုန်ပြန်သည့် လမ်းကြောင်းတစ်လျှောက် အနီးကပ်ထိတွေ့သူများကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့၌ အသွားအလာ ကန့်သတ်ထားပြီဖြစ်ကြောင်း သိရသည်။

ပြည်နယ်နဲ့တိုင်းတွေကို ကားအတူတူ စီးသွားတဲ့သူတွေ စာရင်းကိုယူတယ်။ အဲဒီမှာ (၁၅) ယောက်ကို သက်ဆိုင်ရာ နေရာမှာ swap (ဓာတ်ခွဲနမူနာ) လည်းယူပြီးပြီ။ Quarantine တွေလည်း လုပ်ထားပြီးပြီ။ ကားမောင်းပို့ပေးတဲ့သူလည်း အစကတော့ ငြင်းဆန်နေတာကနေ အခုတော့ မိတ္ထီလာမှာ Quarantine ဝင်သွားပါပြီ

ဟု COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ပြည်နယ်အဆင့် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၅)ရက်နေ့တွင် ပြောသည်။

လာအိုဘက်မှ ပြည်တော်ပြန် (၁၈၆)ဦး တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းသို့ ရောက်ရှိစဉ် ကိုယ်အပူချိန်တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်းနှင့် နေရပ်ပြန်ရေး ကူညီဆောင်ရွက်ပေးသူအချို့မှာ အနီးကပ်ထိတွေ့ခြင်းမရှိသော်လည်း ယာယီအသွားအလာကန့်သတ်ထားကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့တွင် လာအိုနိုင်ငံဘက်မှ ပြည်တော်ပြန်လာသူ (၁၈၆) ဦးကို နေရပ်ဒေသအသီးသီးသို့ စီစဉ်ပေးထားသည့်  မော်တော်ယာဉ်များဖြင့် ပို့ဆောင်ကာ အသွားအလာကန့်သတ်၍ ဓာတ်ခွဲစစ်ဆေးခဲ့ရာ ရန်ကုန်၌ အသွားအလာကန့်သတ်ထားသည့် လာအိုပြန် (၁) ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ဇူလိုင်လ (၄) ရက်နေ့၌ ဓာတ်ခွဲအဖြေရလာခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~