ညောင်ရွှေမြို့ရှိ မင်္ဂလာဈေး အဆင့်မြှင့်တင်ရေး တင်ဒါလျှောက်ထားသူ မရှိ၍ ပြည်နယ်အစိုးရထံ ထပ်မံတင်ပြထား
ညောင်ရွှေမြို့ရှိ မင်္ဂလာဈေး အဆင့်မြှင့်တင်ရေး တင်ဒါလျှောက်ထားသူ မရှိ၍ ပြည်နယ်အစိုးရထံ ထပ်မံတင်ပြထား
မေ 6, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့ရှိ မင်္ဂလာဈေးအား အဆင့်မြှင့်တင်ရန် တင်ဒါလျှောက်ထားသူ မရှိသဖြင့် ၂၀၁၈ ခုနှစ် မေလ (၅)ရက်နေ့တွင် တင်ဒါပြန်လည်ခေါ်ယူနိုင်ရေး ပြည်နယ်အစိုးရထံ ထပ်မံတင်ပြထားကြောင်း ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနထံမှ သိရသည်။
  မင်္ဂလာဈေးသည် ဆိုင်ခန်းပေါင်း(၆၇၅) ခန်းဖြင့် စော်ဘွားလက်ထက်ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ပြုပြင်နိုင်ရန် တင်ဒါခေါ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဈေးမှ ဆိုင်ခန်းများမှာ ဟောင်းနွမ်းနေပြီဖြစ်၍ စော်ဘွားလက်ထက်ကဈေးပုံစံအတိုင်း ဆက်လက်ထိန်းသိမ်းရန် စီစဉ်နေခြင်းဖြစ်ပြီး ညောင်ရွှေမှ (၅)ရက်တစ်ဈေးအလေ့အထကိုလည်း မပျောက်ပျက်စေရန် ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း  - နိုနို
ဓါတ်ပုံ - -စည်ပင်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှမြေို့ရှိ မင်္ဂလာဈေးအား အဆင့်မြှင့်တင်ရန် တင်ဒါလျှောက်ထားသူ မရှိသဖြင့် ၂၀၁၈ ခုနှစ် မေလ (၅)ရက်နေ့တွင် တင်ဒါပြန်လည်ခေါ်ယူနိုင်ရေး ပြည်နယ်အစိုးရထံ ထပ်မံတင်ပြထားကြောင်း ညောင်ရွှမြေို့နယ် စည်ပင်သာယာရေးဦးစီးဌာနထံမှ သိရသည်။
တင်ဒါခေါ်ယူစဉ်က လျှောက်လွှာဝယ်ယူသူ (၃)ဦးရှိသော်လည်း လာရောက်လျှောက်ထားခြင်းမရှိသဖြင့် မေလ (၅) ရက်နေ့တွင် ဈေးသူဈေးသားများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် တင်ဒါပြန်လည်ခေါ်ယူရန် ပြည်နယ်အစိုးရထံတွင် ထပ်မံတင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ပထမတစ်ကြိမ်က တင်ဒါခေါ်တယ်။ ကုမ္ပဏီ(၃) ခုကတော့ လျှောက်လွှာတွေ လာဝယ်ကြတယ်။ ပြန်တင်ဖို့ အချိန်ရောက်တော့ တစ်ယောက်မှ လာမတင်ကြဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီနေ့ဈေးသူဈေး သားတွေနဲ့ ခေါ်ယူဆွေးနွေးခဲ့ပါတယ်။ ထပ်ပြီး တင်ဒါပြန်ခေါ်ဖို့ကျတော့ ပြည်နယ်အစိုးရကနေ တင်ဒါထပ်ခေါ်ပါဆိုရင်တော့ ကျွန်တော်တို့ ထပ်ခေါ်မှာပါ။ မင်္ဂလာဈေး အဆင့်မြှင့်တင်ဖို့ အတွက်ကို ဟိုတယ်ခရီးသွားဝန်ကြီးလမ်းညွှန်ချက်နဲ့ စတင်လုပ်ဆောင်နေတာပါ။ အခုလောလောဆယ်မှာတော့ ပြုပြင်စရာ ရှိတာတွေတော့ တဖြည်းဖြည်းလုပ်ဆောင်နေပါတယ်” ဟု ညောင်ရွှမြေို့နယ် စည်ပင်သာယာရေးဦးစီးဌာန အင်ဂျင်နီယာမှူး ဦးကျော်သူရဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
 မင်္ဂလာဈေးသည် ဆိုင်ခန်းပေါင်း(၆၇၅) ခန်းဖြင့် စော်ဘွားလက်ထက်ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ပြုပြင်နိုင်ရန် တင်ဒါခေါ်ယူနခြေင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဈေးမှ ဆိုင်ခန်းများမှာ ဟောင်းနွမ်းနပြေီဖြစ်၍ စော်ဘွားလက်ထက်ကဈေးပုံစံအတိုင်း ဆက်လက်ထိန်းသိမ်းရန် စီစဉ်နခြေင်းဖြစ်ပြီး ညောင်ရွှေမှ (၅)ရက်တစ်ဈေးအလေ့အထကိုလည်း မပျောက်ပျက်စေရန် ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
ဓာတ်ပုံ - -စည်ပင်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~