ဂုတ္တြင္းလမ္းပိုင္ရွိ ေနာင္ခ်ုိဘက္အျခမ္းတြင္ ယာဥ္တိမ္းေမွာက္ေနမႈေၾကာင့္ ယာဥ္ႀကီးမ်ား ျဖတ္သန္းမႈကို ယာယီပိတ္ထား

ဂုတ္တြင္းလမ္းပိုင္ရွိ ေနာင္ခ်ုိဘက္အျခမ္းတြင္ ယာဥ္တိမ္းေမွာက္ေနမႈေၾကာင့္ ယာဥ္ႀကီးမ်ား ျဖတ္သန္းမႈကို ယာယီပိတ္ထား
စက်တင်ဘာ 21, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မႏၱေလး - မူဆယ္ ျပည္ေထာင္စုလမ္းမႀကီး ဂုတ္တြင္းလမ္းပိုင္းရွိ ေနာင္ခ်ိဳဘက္အျခမ္းမွ နံပါတ္ (၇) အေကြ႕ ( ကုလားမေကြ႔ )တြင္ (၂၂) ဘီးယာဥ္တစ္စီး ၂၀၁၈ခုႏွစ္ စက္တင္ဘာ (၂၁) ရက္ ေန႔လယ္ပိုင္းက တိမ္းေမွာက္ေနသည့္ အတြက္ (၁၄) ေပႏွင့္ ေအာက္ယာဥ္ငယ္မ်ားသာ ျဖတ္သန္း သြားလာႏိုင္ၿပီး ယာဥ္ႀကီးမ်ား ျဖတ္သန္းမႈ ယာယီပိတ္ထားေၾကာင္း အမွတ္(၁၂၂) ယာဥ္ထိန္းရဲတပ္ဖြဲ႔စု (ေက်ာက္မဲ)ထံက သိရသည္။

“လမ္းေၾကာက အကုန္လံုး ပိတ္သြားတာ မဟုတ္ပါဘူး။ (၆)ဘီးယာဥ္နဲ႔ ကားငယ္ေတြသြားလို႔ရတယ္။ ေလာေလာဆယ္က (၁၂) ဘီး၊ (၂၂) ဘီး၊ Express ယာဥ္ေတြကို ယာယီတားထားတယ္။ ေန႔ခင္း (၁၁) နာရီ (၁၅)မိနစ္ေလာက္က ေနာင္ခ်ိဳဘက္အျခမ္း ကုလားမေကြ႔မွာ တြဲတစ္စီးလဲသြားလို႔ ပိတ္သြားတာ ” ဟု အမွတ္ (၁၂၂) ယာဥ္ထိန္းရဲ တပ္ဖြဲ႔စု ေက်ာက္မဲမွ တပ္ၾကပ္ႀကီး သန္းၾကြယ္က တာခ်ီလိတ္သတင္း ေအဂ်င္စီသုိ႔ ေျပာသည္။

ေနာင္ခ်ိဳဘက္မွ မူဆယ္ဘက္သို႔ ေကာ္ျဖတ္စ အိတ္မ်ား တင္ေဆာင္လာသည့္ (၂၂) ဘီးယာဥ္မွာ ဂုတ္တြင္းလမ္း အဆင္းရွိ နံပါတ္(၇)အေကြ႔(ကုလားမေကြ႔)တြင္ ေကြ႔ဆင္းစဥ္ ေနာက္တြဲ လဲက်တိမ္းေမွာက္ခဲ့သည့္ အတြက္ တင္ေဆာင္လာသည့္ ကုန္မ်ားလည္းျပဳတ္က်ကာ ဖယ္ရွားႏိုင္ေရး လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။

အဆိုပါ နံပါတ္(၇)အေကြ႔တြင္ ဆီတင္ေဘာက္ဆာယာဥ္မ်ားႏွင့္ (၂၂) ဘီး ေနာက္တြဲယာဥ္မ်ား မၾကာခဏ တိမ္းေမွာက္သည့္အတြက္ လမ္းပိုင္းအား တာဝန္ယူေဆာင္ရြက္ေနသည့္ Oriental Highway Co.ltd က ၾသဂုတ္လအတြင္း ၎အေကြ႔အား ထပ္ပိုးလႊာခင္းကာ ျပန္လည္ျပင္ဆင္မႈျပဳလုပ္ထားေသာ္လည္း ယာဥ္တိမ္းေမွာက္မႈမွာ သိသာစြာေလ်ာ့က်ျခင္းမရွိေသးေၾကာင္း ယာဥ္ေမာင္းမ်ားထံမွ သိရသည္။

လက္တေလာတြင္ လမ္းပိတ္ေနသည့္ ယာဥ္ႏွင့္ ကုန္ပစၥည္းမ်ားအား ေရႊ႕ေျပာင္းရွင္းလင္းရန္ႏွင့္ ယာဥ္ေၾကာထပ္မံပိတ္ဆို႔မႈ မျဖစ္ေစရန္အတြက္ ယာဥ္ထိန္း ရဲတပ္ဖြဲ႔ဝင္မ်ားက ထိန္းသိမ္းရွင္းလင္းေရး လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - ကိုေန



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်းလမ်းပိုင်းရှိ နောင်ချိုဘက်အခြမ်းမှ နံပါတ် (၇) အကွေ့ ( ကုလားမကွေ့ )တွင် (၂၂) ဘီးယာဉ်တစ်စီး ၂၀၁၈ခုနှစ် စက်တင်ဘာ (၂၁) ရက် နေ့လယ်ပိုင်းက တိမ်းမှောက်နေသည့် အတွက် (၁၄) ပေနှင့် အောက်ယာဉ်ငယ်များသာ ဖြတ်သန်း သွားလာနိုင်ပြီး ယာဉ်ကြီးများ ဖြတ်သန်းမှု ယာယီပိတ်ထားကြောင်း အမှတ်(၁၂၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျောက်မဲ)ထံက သိရသည်။

“လမ်းကြောက အကုန်လုံး ပိတ်သွားတာ မဟုတ်ပါဘူး။ (၆)ဘီးယာဉ်နဲ့ ကားငယ်တွေသွားလို့ရတယ်။ လောလောဆယ်က (၁၂) ဘီး၊ (၂၂) ဘီး၊ Express ယာဉ်တွေကို ယာယီတားထားတယ်။ နေ့ခင်း (၁၁) နာရီ (၁၅)မိနစ်လောက်က နောင်ချိုဘက်အခြမ်း ကုလားမကွေ့မှာ တွဲတစ်စီးလဲသွားလို့ ပိတ်သွားတာ ” ဟု အမှတ် (၁၂၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့စု ကျောက်မဲမှ တပ်ကြပ်ကြီး သန်းကြွယ်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

နောင်ချိုဘက်မှ မူဆယ်ဘက်သို့ ကော်ဖြတ်စ အိတ်များ တင်ဆောင်လာသည့် (၂၂) ဘီးယာဉ်မှာ ဂုတ်တွင်းလမ်း အဆင်းရှိ နံပါတ်(၇)အကွေ့(ကုလားမကွေ့)တွင် ကွေ့ဆင်းစဉ် နောက်တွဲ လဲကျတိမ်းမှောက်ခဲ့သည့် အတွက် တင်ဆောင်လာသည့် ကုန်များလည်းပြုတ်ကျကာ ဖယ်ရှားနိုင်ရေး လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ နံပါတ်(၇)အကွေ့တွင် ဆီတင်ဘောက်ဆာယာဉ်များနှင့် (၂၂) ဘီး နောက်တွဲယာဉ်များ မကြာခဏ တိမ်းမှောက်သည့်အတွက် လမ်းပိုင်းအား တာဝန်ယူဆောင်ရွက်နေသည့် Oriental Highway Co.ltd က သြဂုတ်လအတွင်း၎င်းအကွေ့အား ထပ်ပိုးလွှာခင်းကာ ပြန်လည်ပြင်ဆင်မှုပြုလုပ်ထားသော်လည်း ယာဉ်တိမ်းမှောက်မှုမှာ သိသာစွာလျော့ကျခြင်းမရှိသေးကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

လက်တလောတွင် လမ်းပိတ်နေသည့် ယာဉ်နှင့် ကုန်ပစ္စည်းများအား ရွှေ့ပြောင်းရှင်းလင်းရန်နှင့် ယာဉ်ကြောထပ်မံပိတ်ဆို့မှု မဖြစ်စေရန်အတွက် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းရှင်းလင်းရေး လုပ်ဆောင်ပေးနေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကိုနေ 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~