မိုင်းဖုန်းဆရာတော်၏ သက်တော်(၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့ ကျင်းပမည့် (၅)ရက်တာကာလတွင် သတ်မှတ်ဧရိယာအတွင်းဈေးသည်များ ဈေးမရောင်းချရန်နှင့် စတုဒီတာအလှူရှင်များ အနေဖြင့် အမှိုက်ကင်းစင်ရေး ဖော့ဘူး ဖော့ပန်းကန်များ အသုံးမပြုရန် မိန့်ကြားထား

မိုင်းဖုန်းဆရာတော်၏ သက်တော်(၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့ ကျင်းပမည့် (၅)ရက်တာကာလတွင် သတ်မှတ်ဧရိယာအတွင်းဈေးသည်များ ဈေးမရောင်းချရန်နှင့် စတုဒီတာအလှူရှင်များ အနေဖြင့် အမှိုက်ကင်းစင်ရေး ဖော့ဘူး ဖော့ပန်းကန်များ အသုံးမပြုရန် မိန့်ကြားထား
ဒီဇငျဘာ 11, 2018
By Tachileik News Agency

ဆရာတော်၏ ဝိဇာတမွေးနေ့တရားပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ ပါဆာကျေးရွာရှိ(မိုင်းဖုန်းဆရာတော် ကျောင်းတိုက်) လွမ်းလိန်းကျောင်းတိုက်တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ ကာလအတွင်း မိုင်းဖုန်း(က)ကျေးရွာအုပ်စုနယ်မြေအတွင်း အဝတ်အထည်များ၊ အရက်သေစာဘီယာ၊ အသားငါးအစားအသောက်ဆိုင်များဖြင့် ပွဲဈေးခင်းကျင်း ရောင်းချခြင်း မပြုလုပ်ရန်၊ တရားနာ ကြွရောက်ကြမည့် ဧည့်ပရိတ်သတ်များအား လှူဒါန်းလိုသူများ အနေဖြင့်လည်း သက်သက်လွတ် ထမင်းဟင်းများ၊ စတုဒိသာများ လှူဒါန်းကြရန်၊ စားသောက်ဖွယ်ရာများ လှူဒါန်းရာတွင် ပလပ်စတစ်၊ တစ်ခါသုံးခွက်၊ တစ်ခါသုံး ပန်းကန်၊ ဖော့ဗူးများ အသုံး မပြုကြရန်နှင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန်၊ ယခင်နှစ်ကကဲ့သို့ ကျောင်းတိုက်ပရဝုဏ်အတွင်း သဲပုံစေတီများတွင် စိုက်ထိုးပူဇော်ကြသည့် တံခွန်ကုက္ကား အလံများ ရောင်းချခြင်း မပြုကြရန်တို့ကို ဆရာတော်က မိန့်ကြားထားကြောင်း သိရသည်။



Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်း ဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ သက်တော်(၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့ တရားပွဲကျင်းပမည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ (၅)ရက်နေ့အတွင်း ကျောင်းတိုက်ဧရိယာအတွင်း အပါအဝင် မိုင်းဖုန်း(က) နယ်မြေအတွင်းဖြစ်သည့် ဝမ်ပုံအထိ ပွဲဈေးကဲ့သို့ ခင်းကျင်း ရောင်းချခြင်းများ မပြုလုပ်ကြရန် ဆရာတော်မှ ကျောင်းအကျိုးတော်ဆောင်များသို့ မိန့်ကြားထားကြောင်း သိရသည်။

ဆရာတော်၏ ဝိဇာတမွေးနေ့တရားပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ ပါဆာကျေးရွာရှိ(မိုင်းဖုန်းဆရာတော် ကျောင်းတိုက်) လွမ်းလိန်းကျောင်းတိုက်တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ ကာလအတွင်း မိုင်းဖုန်း(က)ကျေးရွာအုပ်စုနယ်မြေအတွင်း အဝတ်အထည်များ၊ အရက်သေစာဘီယာ၊ အသားငါးအစားအသောက်ဆိုင်များဖြင့် ပွဲဈေးခင်းကျင်း ရောင်းချခြင်း မပြုလုပ်ရန်၊ တရားနာ ကြွရောက်ကြမည့် ဧည့်ပရိတ်သတ်များအား လှူဒါန်းလိုသူများ အနဖြေင့်လည်း သက်သက်လွတ် ထမင်းဟင်းများ၊ စတုဒိသာများ လှူဒါန်းကြရန်၊ စားသောက်ဖွယ်ရာများ လှူဒါန်းရာတွင် ပလပ်စတစ်၊ တစ်ခါသုံးခွက်၊ တစ်ခါသုံး ပန်းကန်၊ ဖော့ဗူးများ အသုံး မပြုကြရန်နှင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန်၊ ယခင်နှစ်ကကဲ့သို့ ကျောင်းတိုက်ပရဝုဏ်အတွင်း သဲပုံစေတီများတွင် စိုက်ထိုးပူဇော်ကြသည့် တံခွန်ကုက္ကား အလံများ ရောင်းချခြင်း မပြုကြရန်တို့ကို ဆရာတော်က မိန့်ကြားထားကြောင်း သိရသည်။

သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်း ဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ သက်တော် (၅၆)နှစ်ပြည့်မွေးနေ့သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့တွင် ကျရောက်မည်ဖြစ်ပြီး ဝိဇာတမွေးနေ့ တရားပွဲကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ (၅)ရက်နေ့အထိ ကျင်းပခြင်းဖြစ်သည်။

ဆရာတော်၏ ဝိဇာတမွေးနေ့တရားပွဲကို နှစ်စဉ်နှစ်တိုင်း အနယ်နယ်အရပ်ရပ်မှ တရားနာယူသည့် ပရိတ်သတ်များစွာနှင့် လာရောက်လှူဒါန်းသူများ လာရောက်ကြလေ့ရှိပြီး ယခုနှစ်တွင် မွေးနေ့အကြို တရားစခန်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့မှ (၂၁)ရက်နေ့အထိ မဲခေါင်မြစ်ကမ်းဘေးရှိ သုံးထပ်ကျောင်းဆောင်တွင် ဖွင့်လှစ်မည်ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~