ဆဌမအကြိမ် တိုင်းရင်းမီဒီယာညီလာခံတွင် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ပထမဆုံးအကြိမ် ပါဝင်ဆွေးနွေး
ဆဌမအကြိမ် တိုင်းရင်းမီဒီယာညီလာခံတွင် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ပထမဆုံးအကြိမ် ပါဝင်ဆွေးနွေး
ဧပွီ 30, 2018
By Tachileik News Agency
အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် တိုင်းရင်းသားဒေသများတွင် မီဒီယာဆိုင်ရာ အသိပညာမြှင့်တင်ရေးနှင့် အရည်အသွေး ပြည့်ဝသော တိုင်းရင်းသားသတင်းသမားများ ပိုမိုပေါ်ထွန်းလာရေးအတွက် နိုင်ငံတော် အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဆက်လက်ကူညီဆောင်ရွက်ပေးရန်၊ ဖမ်းဆီးခံ မြန်မာသတင်း သမားများအား အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ တိုင်းရင်းသားသတင်းသမားများ၏ လုံခြုံရေးအတွက် ကာကွယ်ပေးသည့် ဥပဒေများကို နိုင်ငံတော်အစိုးရမှ ပြဌာန်းပေးရန်နှင့် တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားများ၏ မိခင် ဘာသာစကားဖြင့် ထုတ်လွှင့်သော ရုပ်သံလိုင်းများ၊ FM များ၊ Community Radio လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ကူညီပံ့ပိုးပေးရန် တောင်းဆိုချက် (၄)ချက်နှင့်အတူ တိုင်းရင်းသားမီဒီယာမူဝါဒရေးဆွဲရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းရန်၊ တိုင်းရင်းမီဒီယာ ဖွံ့ဖြိုးရှင်သန်ရေးအတွက် တိုင်းရင်းသား သတင်းသင်တန်းကျောင်း တည်ထောင်ရန်၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်အား ပြည်သူလူထုပိုမိုသိရှိနိုင်ရေးအတွက် တိကျမှန်ကန်ပြည့်စုံသော သတင်း ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန်တို့ကိုလည်း ဆုံးဖြတ်ခဲ့ကြသည်။
အဆိုပါ ညီလာခံဆုံးဖြတ်ချက်များအား BNI Multimedia အဖွဲ့ဝင်များ အနေဖြင့် ရေရှည်စီမံကိန်းများဖြင့် ဆက်လက်အကောင်အထည်ဖေါ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညီလာခံသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ KNU  ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်းတို့လည်း ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့ကြပြီး ပြည်နယ်အသီးသီးမှ တိုင်းရင်းသားမီဒီယာသတင်းသမားများ၊ ရန်ကုန်အခြေစိုက်မီဒီယာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ၊ ပြည်နယ်ကိုယ်စားပြု အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် တိုင်းရင်းမီဒီယာ မူဝါဒဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းရယူပိုင်ခွင့်အခြေအနေ၊ တိုင်းရင်း ဘာသာစကား၊ စာပေနှင့် မီဒီယာ ဆက်စပ်ဆောင်ရွက်မှုအခြေအနေ၊ တိုင်းရင်းမီဒီယာများ ရေရှည် တည်တံ့ရေးတို့ကို BNI Multimedia Group အဖွဲ့ဝင် တိုင်းရင်းမီဒီယာ (၁၂)ခုနှင့်အတူ အခြားမီဒီယာများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများတက်ရောက်ဆွေးနွေးနေကြခြင်းဖြစ်သည်။
BNI Multimedia Group သည် လက်ရှိတွင် အဖွဲ့ဝင် တိုင်းရင်းမီဒီယာ (၁၂)ခုရှိနေပြီး အဖွဲ့ဝင်အဖြစ် လျှောက်ထားဆဲမီဒီယာ (၁)ခုရှိနေကြောင်း သိရသည်။
ဓါတ်ပုံ - တေဇာ
~~~~~~~~⊰❂ unicode ~~~~~~~~
တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ပထမဆုံး ပါဝင် ဆွေးနွေးခဲ့ကြသည့် ဆဌမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံက တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားများ၏ မိခင်ဘာသာစကားဖြင့် ထုတ်လွှင့်သော ရုပ်သံလိုင်းများ၊ FM များ၊ Community Radio လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ကူညီပံ့ပိုးပေးရန် တောင်းဆိုလိုက်သည်။
ကရင်ပြည်နယ် ဘားအံမြို့တွင် သုံးရက်တာ ကျင်းပခဲ့သည့် အဆိုပါ ညီလာခံ၏ နောက်ဆုံးနေ့ဖြစ်သည့် ဧပြီလ (၂၉)ရက်နေ့တွင် တောင်းဆိုချက် (၄)ချက်နှင့် ဆုံးဖြတ်ချက် (၃)ချက် ပါဝင်သည့် ထုတ်ပြန် ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“ဒီညီလာခံမှာ ပြီးခဲ့တဲ့နှစ်က ညီလာခံနဲ့မတူတာက ဒီနှစ်မှာ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေ ပါလာတာပေါ့နော်။ အရင်တော့ မီဒီယာညီလာခံဖြစ်တဲ့အတွက် Mainstream Media တွေနဲ့ တိုင်းရင်းသား မီဒီယာတွေပဲ ဖိတ်တာပေါ့နော်။ အခုကတော့ mainstream media တွေ နည်းနည်းလျှော့လိုက်ပြီးတော့ တိုင်းရင်းမီဒီယာတွေ ရေရှည်ရပ်တည်ရေးဆိုတာက ကိုယ့်ရဲ့လူမှုအဖွဲ့အစည်းထဲမှာရှိတဲ့ စာပေ၊ယဉ်ကျေးမှု ဆိုတာကလည်း ကိုယ့်ရဲ့ သတင်းရင်းမြစ်တွေလည်း ဖြစ်တယ်။ တိုင်းရင်းသားဘာသာ စာပေတွေကလည်း ပျောက်ကွယ်လု နီးပါးဖြစ်တယ်။ ထိန်းသိမ်းဖို့ လိုနေတဲ့အခါကျတော့ ဘယ်လိုပုံစံမျိုး ထိန်းသိမ်းလို့ ရမလဲဆိုတာ မီဒီယာအပိုင်းကနေ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ သိသွားအောင်လို့ပါ။ နောက် အရပ်ဖက် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေလည်း ပါဝင်လာခြင်း အားဖြင့် မီဒီယာ အသိတွေ ရှိလာအောင် ဖိတ်ကြားခဲ့တာပါ။ ဒါတွေသိထားမှ သူတို့အနေနဲ့ ဈေးကွက်ရရှိရေးအပါအဝင်ပေါ့လေ တိုင်းရင်းမီဒီယာများ ရေရှည်ရပ်တည်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးနိုင်မှာဖြစ်ပါတယ်။ အဲဒီအတွက်ပါ”ဟု ဆဌမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကျင်းပရေး ကော်မတီ ဥက္ကဌ ဒေါ်နန်းဖောဂေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် တိုင်းရင်းသားဒေသများတွင် မီဒီယာဆိုင်ရာ အသိပညာမြှင့်တင်ရေးနှင့် အရည်အသွေး ပြည့်ဝသော တိုင်းရင်းသားသတင်းသမားများ ပိုမိုပေါ်ထွန်းလာရေးအတွက် နိုင်ငံတော် အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဆက်လက်ကူညီဆောင်ရွက်ပေးရန်၊ ဖမ်းဆီးခံ မြန်မာသတင်း သမားများအား အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ တိုငး်ရင်းသားသတင်းသမားများ၏ လုံခြုံရေးအတွက် ကာကွယ်ပေးသည့် ဥပဒေများကို နိုင်ငံတော်အစိုးရမှ ပြဌာန်းပေးရန်နှင့် တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားများ၏ မိခင် ဘာသာစကားဖြင့် ထုတ်လွှင့်သော ရုပ်သံလိုင်းများ၊ FM များ၊ Community Radio လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ကူညီပံ့ပိုးပေးရန် တောင်းဆိုချက် (၄)ချက်နှင့်အတူ တိုင်းရင်းသားမီဒီယာမူဝါဒရေးဆွဲရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းရန်၊ တိုင်းရင်းမီဒီယာ ဖွံ့ဖြိုးရှင်သန်ရေးအတွက် တိုင်းရင်းသား သတင်းသင်တန်းကျောင်း တည်ထောင်ရန်၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်အား ပြည်သူလူထုပိုမိုသိရှိနိုင်ရေးအတွက် တိကျမှန်ကန်ပြည့်စုံသော သတင်း ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန်တို့ကိုလည်း ဆုံးဖြတ်ခဲ့ကြသည်။
အဆိုပါ ညီလာခံဆုံးဖြတ်ချက်များအား BNI Multimedia အဖွဲ့ဝင်များ အနဖြေင့် ရေရှည်စီမံကိန်းများဖြင့် ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒါတွေက ရေရှည်စီမံကိန်းတွဖြေစ်တော့ (၅)နှစ်လား၊ (၁၀)နှစ်လား သတ်မှတ်ထားတာတွေတော့ မရှိဘူး ပေါ့နော်။ ဒီဟာက BNI ကဦးဆောင်လုပ်တယ်ဆိုပေမဲ့ အမြဲတမ်းတော့ တိုင်းရင်းမီဒီယာအားလုံးအတွက် ထည့်သွင်းစဉ်းစားတာတွေချည်းပါပဲ”ဟု ဆဌမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကျင်းပရေး ကော်မတီ ဥက္ကဌ ဒေါ်နန်းဖောဂေက ဆိုသည်။
ဆဌမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို တိုင်းရင်းမီဒီယာ ရေရှည်တည်တံ့ရေးမီဒီယာဆိုင်ရာ အသိမြှင့်တင်ပေး ဆောင်ပုဒ်ဖြင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ၂၀၁၈ ခုနှစ် ဧပြီလ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ သုံးရက်တိုင်ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ ညီလာခံသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖမြေင့်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်းတို့လည်း ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့ကြပြီး ပြည်နယ်အသီးသီးမှ တိုင်းရင်းသားမီဒီယာသတင်းသမားများ၊ ရန်ကုန်အခြေစိုက်မီဒီယာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ၊ ပြည်နယ်ကိုယ်စားပြု အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် တိုင်းရင်းမီဒီယာ မူဝါဒဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းရယူပိုင်ခွင့်အခြေအနေ၊ တိုင်းရင်း ဘာသာစကား၊ စာပေနှင့် မီဒီယာ ဆက်စပ်ဆောင်ရွက်မှုအခြေအနေ၊ တိုင်းရင်းမီဒီယာများ ရေရှည် တည်တံ့ရေးတို့ကို BNI Multimedia Group အဖွဲ့ဝင် တိုင်းရင်းမီဒီယာ (၁၂)ခုနှင့်အတူ အခြားမီဒီယာများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများတက်ရောက်ဆွေးနွေးနကြခြေင်းဖြစ်သည်။
BNI Multimedia Group သည် လက်ရှိတွင် အဖွဲ့ဝင် တိုင်းရင်းမီဒီယာ (၁၂)ခုရှိနပြေီး အဖွဲ့ဝင်အဖြစ် လျှောက်ထားဆဲမီဒီယာ (၁)ခုရှိနေကြောင်း သိရသည်။
ဓာတ်ပုံ - တေဇာ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~