တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်သည့် (၆၅၀)ကျော် တာချီလိတ်မြို့တွင်းသို့ လေ့လာရေးခရီးစဉ်အဖြစ် လာရောက် လည်ပတ်
တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်သည့် (၆၅၀)ကျော် တာချီလိတ်မြို့တွင်းသို့ လေ့လာရေးခရီးစဉ်အဖြစ် လာရောက် လည်ပတ်
ဖေဖော်ဝါရီ 2, 2019
By Tachileik News Agency
မိုင်းကိုးကျေးရွာ အုပ်စုတွင်းရှိ ပန်အန် အ.မ.က ကျောင်း၊ ရန်ရှင်း မူလွန်ကျောင်း၊ ရန်နိုင် အ.မ.က ကျောင်း၊ ဟွေတာ အ.မ.က ကျောင်း၊ မယ်ဖုံးလုံ အ.မ.က ကျောင်း၊ ပါဘီး အ.မ.က ကျောင်း၊ မိုင်းကိုး အ.ထ.က ကျောင်း၊ ပန်ဟတ် အ.မ.က ကျောင်း၊ ၀မ်မုံ အ.မ.က ကျောင်း၊ ပန်ဆန်း အ.မ.က ကျောင်း၊ ဟွေရန်း အ.မ.က ကျောင်း၊ နမ့်တွန်း အ.မ.က ကျောင်း၊ မောတွီ မူလွန် ကျောင်း၊ ယန်းခမ်း အ.မ.က ကျောင်း၊ မယ်လိတ်ပါကော် အ.မ.က ကျောင်း၊ နမ့်တာကျို အ.မ.က ကျောင်း၊ မနော် အ.မ.က ကျောင်း၊ ကော်မယ်လိတ် အ.မ.က ကျောင်း တို့မှ ကျောင်းသား ကျောင်းသူများ နှင့် ကြီးကြပ်သူ ဆရာ/မများ ပါဝင်ပြီး ကား ၂၄ စီး နှင့် ခရီးစဉ်အတွင်း ကူညီဆောင်ရွက်ပေးသည့် တာချီလိတ်ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နှင့် လိုအပ်လျှင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် လိုက်ပါလာသည့် တာချီလိတ်ခရိုင်/မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့မှ ကားများအပါအ၀င် စုစုပေါင်း အစီး(၃၀)၀န်းကျင်ဖြင့် လေ့လာရေးခရီး လာရောက်ခြင်းဖြစ်သည်။
အဆိုပါ ကျောင်းသား ကျောင်းသူ ကလေးငယ်များနှင့်အဖွဲ့သည် တာချီလိတ်မြို့ မေဖလားဝါးကွင်းအတွင်း  J My King ဟိုတယ်မှ ကော်ဖီဆိုင်ဖွင့်မည့် လေယာဉ်ဟောင်း နေရာသို့လည်း သွားရောက်လေ့လာခဲ့ပြီး ဆက်လက်၍  J My King ဟိုတယ်ရှိ ရေကူးကန် နှင့် Fitness Center သို့လည်း လေ့လာခဲ့ကြရာတွင် အထက(တာချီလိတ်)ကျောင်းသား၊ ကျောင်းသူဟောင်းများမှ J My King ဟိုတယ်မှ လှူဒါန်းပေးသည့် ကြက်ဆီထမင်းများကို ကူညီပေးဝေခဲ့ကြောင်း နှင့် လွှတ်တော်ကိုယ်စားလှယ်(အငြိမ်းစား) ဒေါ်တင်မေထွန်း မိသားစုမှလည်း ပါလျှံတရုတ်ဘုံကျောင်းတွင် အဆိုပါ ကျောင်းသားကျောင်းသူများအား ခေါက်ဆွဲကြော်များ ပေးဝေခဲ့ကြကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုရှိ တောင်ပေါ်ဒေသ ကျောင်းများ အပါအဝင် ကျောင်းပေါင်း (၁၈)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူနှင့် အုပ်ချုပ်သူ ဆရာ၊ ဆရာမ ၆၅၀ ကျော်တို့ တာချီလိတ်မြို့တွင်း လေ့လာရေး ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် လာရောက်ခဲ့ကြသည်။
“အ.မ.က ပန်ဆန်းဆို မိုင်းကိုးအုပ်စုရဲ့ အစွန်ဆုံးပေါ့ တောင်ပေါ်ကျောင်းတွေ စုပြီးတော့မှ လမ်းဘေးကျောင်းတွေရော ပါတာပေါ့။ အခက်အခဲတော့ ရှိတယ်။ မနှစ်ကလည်း အလူရှင်ရှာပြီးတော့ ထွက်တယ်။ ဒီနှစ်လည်း အလူရှင်ရှာပြီးတော့ ထွက်တယ်။ အလူရှင်က နေ့လည်စာက J My King ဟိုတယ်ပိုင်ရှင် ဦးဂျော်နီက ပံ့ပိုးကူညီပေးတယ်။ ကလေးတွေ ပြန်တဲ့အချိန် ညနေစာအတွက်က လွှတ်တော်ကိုယ်စားလှယ်(အငြိမ်းစား) ဒေါ်တင်မေထွန်းက ကူညီပေးတာပေါ့”ဟု လေ့လာရေးခရီးစဉ် ပါဝင်သည့် အမက(ပန်ဟတ်)မှ ကျောင်းအုပ်ဆရာကြီး ဦးသန်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းကိုးကျေးရွာ အုပ်စုတွင်းရှိ ပန်အန် အ.မ.က ကျောင်း၊ ရန်ရှင်း မူလွန်ကျောင်း၊ ရန်နိုင် အ.မ.က ကျောင်း၊ ဟွေတာ အ.မ.က ကျောင်း၊ မယ်ဖုံးလုံ အ.မ.က ကျောင်း၊ ပါဘီး အ.မ.က ကျောင်း၊ မိုင်းကိုး အ.ထ.က ကျောင်း၊ ပန်ဟတ် အ.မ.က ကျောင်း၊ ဝမ်မုံ အ.မ.က ကျောင်း၊ ပန်ဆန်း အ.မ.က ကျောင်း၊ ဟွေရန်း အ.မ.က ကျောင်း၊ နမ့်တွန်း အ.မ.က ကျောင်း၊ မောတွီ မူလွန် ကျောင်း၊ ယန်းခမ်း အ.မ.က ကျောင်း၊ မယ်လိတ်ပါကော် အ.မ.က ကျောင်း၊ နမ့်တာကျို အ.မ.က ကျောင်း၊ မနော် အ.မ.က ကျောင်း၊ ကော်မယ်လိတ် အ.မ.က ကျောင်း တို့မှ ကျောင်းသား ကျောင်းသူများ နှင့် ကြီးကြပ်သူ ဆရာ/မများ ပါဝင်ပြီး ကား ၂၄ စီး နှင့် ခရီးစဉ်အတွင်း ကူညီဆောင်ရွက်ပေးသည့် တာချီလိတ်ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နှင့် လိုအပ်လျှင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် လို်က်ပါလာသည့် တာချီလိတ်ခရိုင်/မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့မှ ကားများအပါအဝင် စုစုပေါင်း အစီး(၃၀)ဝန်းကျင်ဖြင့် လေ့လာရေးခရီး လာရောက်ခြင်းဖြစ်သည်။
“အလှူရှင်တွေကို လုပ်နိုင်မယ့် သူတွေကို ကြိုတင်ပြီးတော့ ကျွန်တော်တို့ သွားပြီးတော့မှ ဒီခရီးစဉ်လေး ရှိပါတယ် ကူညီနိုင်မလားပြောတဲ့ အခါမှာ သူတို့ကလည်း လိုလိုလားလား ဖိတ်ခေါ်တဲ့အတွက် ဒီနေရာတွေကို ခရီးစဉ်ထည့်ဆွဲရခြင်း ဖြစ်ပါတယ်”ဟု မြို့တွင်းလေ့လာရေးခရီးစဉ်ကို လိုက်ပါ ကူညီပို့ဆောင်ပေးသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တာချီလိတ်ခရိုင်ဥက္ကဌ ဦးဘိုစံက ပြောသည်။
လေ့လာရေးခရီးစဉ်အဖြစ် တာချီလိတ် ရွှေတိဂုံစေတီတော်၊ ဘုရင့်နောင်ရုပ်တု၊ J My King ဟိုတယ်၊ လူငယ်ပရဟိတကျောင်း၊ ဟိုတယ်တာချီလိတ်၊ စိုက်ပျိုးရေးခြံ၊ ပါလျှံတရုတ်ဘုံကျောင်း၊ စက်မှုဇုန်နှင့် တာချီလိတ်လေ ယာဉ်ကွင်းတို့ကို သွားရောက်ကြ လေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျောင်းသား ကျောင်းသူ ကလေးငယ်များနှင့်အဖွဲ့သည် တာချီလိတ်မြို့ မေဖလားဝါးကွင်းအတွင်း J My King ဟိုတယ်မှ ကော်ဖီဆိုင်ဖွင့်မည့် လေယာဉ်ဟောင်း နေရာသို့လည်း သွားရောက်လေ့လာခဲ့ပြီး ဆက်လက်၍ J My King ဟိုတယ်ရှိ ရေကူးကန် နှင့် Fitness Center သို့လည်း လေ့လာခဲ့ကြရာတွင် အထက(တာချီလိတ်)ကျောင်းသား၊ ကျောင်းသူဟောင်းများမှ J My King ဟိုတယ်မှ လှူဒါန်းပေးသည့် ကြက်ဆီထမင်းများကို ကူညီပေးေဝခဲ့ကြောင်း နှင့် လွှတ်တော်ကိုယ်စားလှယ်(အငြိမ်းစား) ဒေါ်တင်မေထွန်း မိသားစုမှလည်း ပါလျှံတရုတ်ဘုံကျောင်းတွင် အဆိုပါ ကျောင်းသားကျောင်းသူများအား ခေါက်ဆွဲကြော်များ ပေးေဝခဲ့ကြကြောင်း သိရသည်။
ယခုလို ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ တာချီလိတ်မြို့တွင်း လေ့လာရေး ခရီးစဉ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရှိရသည်။
Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~