ကျိုက်ထိုတွင် စစ်ကောင်စီတပ်ဖွဲ့ကပစ်ခတ်သည့် လက်နက်ကြီးကျည် လမ်းမတွင်စိုက်ဝင်နေ

ကျိုက်ထိုတွင် စစ်ကောင်စီတပ်ဖွဲ့ကပစ်ခတ်သည့် လက်နက်ကြီးကျည် လမ်းမတွင်စိုက်ဝင်နေ
စက်တင်ဘာ 4, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သရက်ကုန်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့ နေ့လယ်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးတစ်လုံးမှာ မပေါက်ကွဲဘဲ လမ်းမအလယ်တွင် စိုက်‌ဝင်နေကြောင်း သိရသည်။

သံတံတားဂိတ်တွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး(၂)လုံး ပစ်ခတ်ခဲ့ရာ တစ်လုံးမှာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက် ဒဏ်ရာရမှုများမရှိခဲ့ကြောင်း သိရပြီး ကျန်တစ်လုံးမှာ မပေါက်ကွဲဘဲ သရက်ကုန်းရွာ ကွက်သစ်ပိုင်းရှိ ကတ္တရာလမ်းတွင် စိုက်ဝင်နေခဲ့ခြင်းဖြစ်သည်။

သံတံတားဂိတ်နှင့် ယခုလက်နက်ကြီးကျရာ နေရာသည် (၁)မိုင်ခန့်သာဝေးပြီး စစ်ကောင်စီတပ်က မကြာခဏ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံများ စိုးရိမ်နေကြရကြောင်း Kyaikhto Information Organizationက ဖော်ပြထားသည်။

#TachileikNewsAgency

Photo :Kyaikhto Information Organization