သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာအုပ်စုတွင်းရှိ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ပြီးနောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးကို မီးရှို့ဖျက်ဆီးခဲ့

Photo: ကစယ့်သူးတပ်ရင်း_တောင်ညို တပ်ခွဲ ၃

ဖေဖော်ဝါရီ 2, 2024 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာအုပ်စုအတွင်းရှိ အနင်းကျေးရွာရဲစခန်းအား တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၏ တပ်ရင်း (၂၇)၊ ရေးဘီလူးအဖွဲ့(SOF)၊ ပဒဲကော အဖွဲ့နှင့် တောင်ညိုစစ်ကြောင်း၊ တပ်ခွဲ (၃)တို့သည် အနင်းရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီလက်အောက်ခံ အနင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ၊ လေယာဥ်ပစ်ကူများကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ ပြန် လည်ဆုတ်ခွာခဲ့ရသည့်အတွက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို အနည်မပြုနိုင်သေးဟု သိရသည်။