တပ်စခန်းနှစ်ခု သိမ်းပိုက်ခံရကြောင်း စစ်ကောင်စီဝန်ခံ

တပ်စခန်းနှစ်ခု သိမ်းပိုက်ခံရကြောင်း စစ်ကောင်စီဝန်ခံ
အောက်တိုဘာ 20, 2023 | 2021 Military Coup| အခြားဒေသများ

ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီတပ်စခန်း(၂)ခု သိမ်းပိုက်ခံရကြောင်း အာဏာသိမ်းစစ် ကောင်စီက ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့တွင်ထုတ်ပြန်ဝန်ခံထားသည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၏ တိုက်ခိုက်မှုကြောင့် နမ့်ကွတ်စခန်းနှင့် လဲလုံစခန်း သိမ်းပိုက်ခံရပြီး စစ်ကူစစ်ကြောင်းများဖြင့် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နိုင်ရန် လုပ်နေသည်ဟုလည်း စစ်ကောင်စီဘက်က ဆိုသည်။

KIA တပ်မဟာ(၆) လက်အောက်ခံ တပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သည့် အောက်တိုဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၏ အနောက်တောင်ဘက်ရှိ နမ့်ကွတ်စခန်းအား နေရာ(၃)ခုမှ ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KIA၏ တိုက်ခိုက်မှုကြောင့် ၎င်းစခန်းသည် ညနေပိုင်းကျပြီးနောက် စစ်ကူစစ်ကြောင်းများဖြင့် ပြန်လည်ပူးပေါင်း၍ စခန်းအား ပြန်လည်သိမ်းပိုက်နိုင်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။

ထို့ပြင် ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ရွာအနီးရှိ ဗန်းမော်-ဝိုင်းမော် ကားလမ်းမှ စစ်ကောင်စီတပ်၏ လဲလုံစခန်းအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၈)ရက်မှစ၍ အောက်တိုဘာလ (၂၀)ရက်အထိ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် အောက်တိုဘာလ (၂၀)ရက်နေ့ နေ့လယ်ပိုင်း တွင် စခန်းသိမ်းပိုက်ခံရကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency