မယားငယ်အိမ်ကိုလာသည့် ကျိုက်ထိုမြို့နယ်ရှိ အကျဥ်းဦးစီးဌာနမှ လက်ထောက်ညွန်မှူးတစ်ဦး ပစ်ခတ်ခံရ

မယားငယ်အိမ်ကိုလာသည့် ကျိုက်ထိုမြို့နယ်ရှိ အကျဥ်းဦးစီးဌာနမှ လက်ထောက်ညွန်မှူးတစ်ဦး ပစ်ခတ်ခံရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်(ရွှေဖြူ) အကျဥ်းဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးစင်းအောင် (ခ) ဦးဝင်းအောင် ဆိုသူအား ၂၀၂၄ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် ပစ်ခတ်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ထံမှသိရသည်။

ဘီးလင်းမြို့နယ် ယက်ကန်းသည်မ ကျေးရွာရှိ ၎င်း၏ မယားငယ်အိမ်ရှေ့တွင် KRFနှင့် ကျိုက်ထို ပကဖ တို့က ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီး

သေဆုံးကြောင်း သိရသည်။

ဦးစင်းအောင်မှာ စစ်မှုထမ်းဟောင်း ဗိုလ်ကြီးတစ်ဦးဖြစ်ပြီး လက်နက်လည်း ကိုင်ဆောင်ထားကာ တော်လှန်ရေးအဖွဲ့များ၏ သတင်းများကို ကိုယ်တိုင်စုံစမ်း၍ စစ်ကောင်စီတပ်ထံ သတင်းပေးခြင်းကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းထံမှ ပစ္စတိုတစ်လက်နှင့် ဝန်ထမ်းကတ်များကို သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

KRF အနေဖြင့်စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူများအပေါ် ထိခိုက်နစ်နာပျက်စီး ဆုံးရှုံးစေမည့် ဖောက်ခွဲမှု ပစ်ခတ်မှုများအား ပြုလုပ်မည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: Kyaikhto Revolution (KRF)