KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ထားဝယ်ခရိုင်အတွင်းရှိ နှစ်ပေါင်း ၂၇ နှစ် သက်တမ်းရှိ မောထစစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်

KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ထားဝယ်ခရိုင်အတွင်းရှိ နှစ်ပေါင်း ၂၇ နှစ် သက်တမ်းရှိ မောထစစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဘိတ်-ထားဝယ်ခရိုင်အတွင်းရှိ နှစ်ပေါင်း ၂၇ နှစ်သက်တမ်းရှိသည့် မောထစစ်ကောင်စီတပ်စခန်းကို ၂၀၂၄ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်သည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်၊ ထီးမိုပွာအတွင်းရှိ စစ်ကောင်စီ၏ ခလရ (၁၉) တပ်ရင်း မောထစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၄၊ တပ်မဟာ ၆ စစ်သည်တော်များနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

တိုက်ခိုက်သိမ်းမှုအတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ပြီး၊ စခန်းရှိတပ်ဖွဲ့ဝင်များအားလုံး ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency

Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻