မွန်ပြည်နယ် ကျိုက်မရောရှိ ပြည်သူ့စစ်စခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်

မွန်ပြည်နယ် ကျိုက်မရောရှိ ပြည်သူ့စစ်စခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ဝမ်းကျေးရွာရှိ စစ်ကောင်စီပြည်သူ့စခန်းတစ်ခုကို ၂၀၂၄ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်ခဲ့သည်ဟု SG Production အဖွဲ့က ယနေ့ ဧပြီလ (၁၃)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ဆင်ရေးအတွင်း ပြည်သူ့စစ်များမှာ လက်နက်ချ အညံခံခဲ့ပြီး သေနတ် ၁၀လက်နှင့် ကျည် (၅၄၃)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

စစ်ဆင်ရေးကို မွန် AD၊ Belu ယက္ခဒီပအဖွဲ့နှင့် SG Production အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းအဖွဲ့ဝင်အားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

SG production အဖွဲ့သည် ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့ကလည်း ဗိုလ်အယ်ဆေးဝါးအဖွဲ့အား ရှေ့ထွက်မိုင်းငါးလုံး ကူညီပေးအပ်ခဲ့ပြီး ၊ မွန်ခွဲထွက် NMSPAD ကော့ဘိန်းအဖွဲ့ကိုလည်း ရှေ့ထွက်မိုင်း ၆ လုံး ကူညီခဲ့ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: SG Production