ဗိုလ်ရှုသဘင်အတွက် အိန္ဒိယကပေးပို့သည့် စစ်ကောင်စီ၏ မြင်းယာဉ်တန်း မိုင်းဆွဲတိုက်ခံရ၍ စစ်ကောင်စီတပ်သား အများအပြားသေ

ဗိုလ်ရှုသဘင်အတွက် အိန္ဒိယကပေးပို့သည့် စစ်ကောင်စီ၏ မြင်းယာဉ်တန်း မိုင်းဆွဲတိုက်ခံရ၍ စစ်ကောင်စီတပ်သား အများအပြားသေ
ဖေဖော်ဝါရီ 5, 2022 | အခြားဒေသများ

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဗိုလ်ရှုသဘင် အခမ်းအနားအတွက် အိန္ဒိယနိုင်ငံမှ ပေးပိုသည့် မြင်းများသယ်လာသော စစ်ယာဉ်တန်း ယနေ့ ဖေ‌ဖော်ဝါရီလ(၄)ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင် မိုင်းဆွဲခံရသဖြင့် စစ်ကောင်စီတပ်သား အများအပြားသေကြောင်း ချောင်းဦး PDF ထံမှ သိရသည်။ 

မြင်းများ သယ်လာသည့် စစ်ကောင်စီယာဉ် အစီး(၁၀၀)ဝန်းကျင်ကို ချောင်းဦးမြို့အရောက် ထီးဆောင်းနှင့် မူးဝရွာထောင်ဇရပ် အကြား၌ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြောက်ကျားနည်းဖြင့် တိုက်ခိုက်နေသည့် PDF တပ်ဖွဲ့များမှာ အထိအခိုက် မရှိကြောင်း သိရသည်။

ယင်း မိုင်းဆွဲတိုက်ခိုက်မှုကို  Black Eagle Defence Force-MMU ၊ မြင်းမူလျှပ်စီးတပ်ဖွဲ့ ၊ Myin Mu Defence Force၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ-CDSOM အဖွဲ့တို့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် အဆိုပါ စစ်ယာဉ်တန်းသည်  မန္တလေးမြို့သို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရသည်။