ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရကာ ၃ ဦးသေပြီး လက်နက်ခဲယမ်းများကို PDF က သိမ်းဆည်းရရှိ

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရကာ ၃ ဦးသေပြီး လက်နက်ခဲယမ်းများကို PDF က သိမ်းဆည်းရရှိ

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် အိမ်စီးကားဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်သား(၇)ဦး ပစ်ခတ်ခံရကာ (၃)ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၂)ရက်နေ့ နံနက်ပိုင်းတွင် ခလရ(၂၅၈) တပ်အတွင်းမှ အိမ်စီးကားဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စောင့်ဆိုင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား(၃)ဦးသေပြီး ကျန်ရှိ စစ်ကောင်စီတပ်သားများ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်သားများထံမှ MA 4 တစ်လက်၊ MA 1 တစ်လက်၊ (၄၀)မမ ဗုံးသီး (၃)လုံးနှင့် (၅.၅၆)ကျည် (၁၆၀)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို ရေစကြိုပကဖ၊ ပခုက္ကူခရိုင်တပ်ရင်းအမှတ်(၉)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency