မန္တလေးဆေးတက္ကသိုလ်ဌာနမှူး ရဲဒင်းဖြင့်ခုတ်ခံရ

မန္တလေးဆေးတက္ကသိုလ်ဌာနမှူး ရဲဒင်းဖြင့်ခုတ်ခံရ

မန္တလေးတိုင်း ချမ်းအေးသာစံမြိုနယ်၌ ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့တွင် မန္တလေးဆေးတက္ကသိုလ်ဌာနမှူး ရဲဒင်းဖြင့်ခုတ်ခံရကာ လက်ဝတ်ရတနာများလုယက်ခံရကြောင်း သိရသည်။

မန္တလေးဆေးတက္ကသိုလ်၊ ရောဂါဗေဒဌာနမှူး ဒေါ်စန်းစန်းလှိုင်သည် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ (၆၃) A လမ်း၊ ၂၇x၂၈ လမ်းကြားရှိ ၄င်း၏နေအိမ်တွင်ရှိနေစဉ် လူတစ်ဦးက ကော်သေနတ်အတုဖြင့် နေအိမ်သို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထို့နောက် ဌာနမှူးဒေါ်စန်းစန်းလှိုင်၏ ဦးခေါင်းအား ရဲဒင်းဖြင့် (၂)ချက်ခုတ်ကာ ခန္ဓာကိုယ်၌ ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာများကို လုယက်ယူဆောင်သွားခဲ့သည်ဟု ဒေသခံများက Tachileik News Agencyကိုပြောသည်။

ရဲဒင်းဖြင့် ခုတ်ခံရသည့် ဒေါ်စန်းစန်းလှိုင်သည် ဦးခေါင်းပေါက်ပြဲဒဏ်ရာများရရှိခဲ့ကာ မန္တလေးပြည်သူ့ဆေးရုံ၊ အရေးပေါ်ဌာနတွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။

#TachileikNewsAgency