ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာနှင့် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြိမ် ၄၀ ကျော်ပစ်ခတ်ဖျက်ဆီး

ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာနှင့် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြိမ် ၄၀ ကျော်ပစ်ခတ်ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် မတ်လ (၂၇)ရက်နေ့တွင် လက်နက်ကြီးဖြင့် အကြိမ်(၂၀)ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PNLAထံမှ သိရသည်။

စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ထီခိုးကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒေသခံအချို့ ကျေးရွာအတွင်း ပိတ်မိနေခဲ့ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့တွင်ပင် ပင်လောင်းမြို့နယ် နမ့်တုတ်ကျေးရွာအနီးသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် မီးလောင်ဗုံးကြဲချခြင်းတို့ကြောင့် နေအိမ်များပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စက်လှေဆိပ်တွင်ရပ်နားထားသည့် ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ရပြီး ယမန်နေ့တွင်ပင် ဆီဆိုင်မြို့ပေါ်ကိုလည်း လက်နက်ကြီးဖြင့် အကြိမ်(၂၀)ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PNLA News & Info