ဒီးမော့ဆိုမြို့နယ်တွင် နှစ်ရက်ကြာတိုက်ပွဲဖြစ်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Photo: KA, KNDF
Photo: KA, KNDF
ဒီးမော့ဆိုမြို့နယ်တွင် နှစ်ရက်ကြာတိုက်ပွဲဖြစ်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ဧပြီ 19, 2023 | 2021 Military Coup| ကယား

 ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း  ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၆)ရက်မှ (၁၇)ရက်အထိ  (၂)ရက်ကြာ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။



စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီး၊ အမြောက်အများ ပစ်ခတ်ခဲ့သည့်အပြင် ဧပြီလ (၁၇)ရက်နေ့ နှင့် (၁၈)ရက်တို့တွင်လည်း လေကြောင်းအသုံးပြု တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း KnIC ထံမှ သိရသည်။

သိမ်းဆည်းရရှိခဲ့သော လက်နက်များမှာ ၆၀MM ပြောင်း (၁)  ပြောင်း၊အသီး (၅)လုံး၊ RPG (၁)လက်၊ အသီး (၉)လုံး၊ ငါး ကြင်းမြီး ( ၁)လက်၊ MA-1 (၂ )လက်၊ MA-2 (၁) လက်၊ MA-3 (၅) လက်၊ MA-4 79တွဲ (၂)လက်၊ ၇၉ ကျည် ( ၂၀) လုံး၊ ၅.၅၆ ကျည် (၃ )ထောင်၊ ၇.၆၂ ကျည် (၁) ထောင်၊ ၁၆မိုင်း (၁ )လုံး၊ ၁၄မိုင်း ( ၁၃) လုံး၊ ကျည်ဘောက် (၃၁)ခု၊ မိုင်းရှာစက် (၁ )ခု၊ စက်ကြီး (၁ )ခု၊ Laptop ( ၁) လုံး ၊ဖုန်း (၅)လုံး နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။



တိုက်ပွဲကို KA ၊ KNDF B/10 ၊ B/05၊ B/06 ၊ B/01 ၊ B/16 ၊B/15 ၊ KNDF ETD ၊ လွိုင်ကော် PDF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း၌ ကရင်နီတပ်မတော်(KA)ဘက်က ရဲဘော် (၅)ဦး ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)ဘက်က ရဲဘော် (၁၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးပေ။