ရေစကြို့မြို့နယ်တွင် အလင်းမဝင်သော NON CDM များကို နယ်နှင်ဒဏ်ပေးရေးနှင့် ဖမ်းဆီးရေး‌ မြို့နယ်ပအဖ ညွှန်ကြားချက်ထုတ်

ရေစကြို့မြို့နယ်တွင် အလင်းမဝင်သော NON CDM များကို နယ်နှင်ဒဏ်ပေးရေးနှင့် ဖမ်းဆီးရေး‌ မြို့နယ်ပအဖ ညွှန်ကြားချက်ထုတ်

အလင်းမဝင်‌သော NON CDM များကို နယ်နှင်ဒဏ်ပေးရေးနှင့် ဖမ်းဆီးရေးတို့ကို လုပ်ဆောင်နေပြီဖြစ်ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၁၈)ရက်နေ့တွင် ညွှန်ကြားချက် ထုတ်ပြန်လာသည်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခြင်းမရှိခဲ့သည့်  Non CDM နိုင်ငံ့ဝန်ထမ်းများအား နယ်နှင်ဒဏ်ပေးရေးနှင့် ဖမ်းဆီးရေး လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်နေပြီဟု ဆိုသည်။ 

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့မှစတင်၍ အလင်းဝင်ရောက်ခြင်းမရှိသော NON CDM များနှင့် စစ်ကောင်စီနှင့် ပတ်သက်ဆက်စပ်သူအားလုံးကို မတ်လ (၃၁)ရက်နေ့ နံနက်(၁၁)နာရီနောက်ဆုံးထားပြီး ရေစကြိုမြို့နယ်ရှိ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာအသီးသီးမှ ရေစကြိုမြို့နယ်ပြင်ပသို့ ထွက်ခွာသွားကြရန် သတိပေးကြေညာသည်ဟု ထုတ်ပြန်ထားသည်။

ယင်းနေ့အချိန်ထိ ရေစကြိုမြို့နယ် ပြင်ပသို့ ထွက်ခွာခြင်းမရှိသော အလင်းမဝင် NON CDM များနှင့် စစ်ကောင်စီနှင့် ပတ်သက်ဆက်စပ်သူအားလုံးကို ဖမ်းဆီးစစ်ဆေး အရေးယူရန် သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တို့အား ညွှန်ကြားထားသည်ဟု သိရသည်။

ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အလင်းဝင် NON CDM စီမံခန့်ခွဲမှုကော်မတီမှ NON CDM များ အလင်းဝင်ရောက်ရေးအတွက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့မှ စတင်ကာ အလင်းဝင်ရောက်လာသော NON CDM များကို လက်ခံပြီး ညွှန်ကြား၊ ကြေညာချက်များအတိုင်း ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency