ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ် အာဏာသိမ်းစစ်အုပ်စု၏ ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က သေဆုံးဒဏ်ရာရရှိသူများရှိ

Photo : HRS နှင့် KNLA ပူးပေါင်းတပ်ဖွဲ့
Photo : HRS နှင့် KNLA ပူးပေါင်းတပ်ဖွဲ့
ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ် အာဏာသိမ်းစစ်အုပ်စု၏ ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က သေဆုံးဒဏ်ရာရရှိသူများရှိ
ဖေဖော်ဝါရီ 5, 2023 | 2021 Military Coup| အခြားဒေသများ



ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ် အာဏာသိမ်းစစ်အုပ်စု၏ ယာဉ်တန်းကို တော်လှန်ရေးစစ်သည်တော်များ ပူးပေါင်းအဖွဲ့က မိုင်းဆွဲပစ်ခတ်ရာ အာဏာသိမ်းစစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။

ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်  သထုံ နှင့် ဘီးလင်းအကြားတွင် သွားလာနေသည့် အာဏာသိမ်းစစ်အုပ်စု၏ ယာဉ်တန်းအား ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့ ည(၉)နာရီဝန်းကျင်အချိန်က မိုင်းဆွဲတိုက်ခိုက်သည့်အပြင် လက်နက်ငယ်များ အပါအဝင် 40MM ဗုံးသီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အာဏာသိမ်းစစ်အုပ်စုဘက်က (၅)ဦး သေဆုံးကာ (၅)ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယင်းအပြင် အာဏာသိမ်းစစ်အုပ်စု၏ ကားတစ်စီးလည်း ပျက်စီးသွားခဲ့ရာ သေဆုံးနှင့်ဒဏ်ရာရရှိသူများ အပါအဝင် ပျက်စီးသွားသည့် ကားတို့ကို ညတွင်းချင်း လာရောက် သယ်ဆောင်သွားကြောင်းလည်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင်  ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( Karen National Liberation Army -  KNLA )၏ တပ်ရင်း(၂)၊ တပ်ခွဲ(၃) အပါအဝင်  Hawk Revolutionary Squad (HRS) တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။