ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီ ပေါင်(၅၀၀)ဗုံးကြဲသဖြင့် ဘုန်းကြီးကျောင်းပျက်စီး၊ ဘုရားပင့်လာသည့် ဒေသခံများကိုလည်း လက်နက်ကြီးနှင့်ပစ်ခတ်

ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီ ပေါင်(၅၀၀)ဗုံးကြဲသဖြင့် ဘုန်းကြီးကျောင်းပျက်စီး၊ ဘုရားပင့်လာသည့် ဒေသခံများကိုလည်း လက်နက်ကြီးနှင့်ပစ်ခတ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၁၅)ရက်နေ့ နေ့လယ်ပိုင်းတွင် လေကြောင်းမှ ပေါင်(၅၀၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်းပျက်စီးသွားကြောင်း PNLA ထံမှ သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ကျောင်းကြီးအပါအဝင် ကျောင်းဆောင်(၂)ဆောင် ပျက်စီးသွားပြီး ကိုရင်(၂)ပါးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုအပြင် ဘုန်းတော်ကြီးကျောင်းနှင့် နီးကပ်သည့် နေအိမ်များလည်း ပြတင်းပေါက်များ၊ တံခါးများ ထိခိုက်ပျက်စီးသည်ဟု သိရသည်။

ယမန်နေ့တွင်လည်း ဘုရားပင့်ဆောင်သည့် ဒေသခံများ၏ ယာဉ်တန်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုရားပင့်ဆောင်သည့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PNLA News & Info