ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) ဖွဲ့စည်းကြောင်း ကြေညာ

ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) ဖွဲ့စည်းကြောင်း ကြေညာ
စက်တင်ဘာ 9, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်းအပါအဝင် အညာဒေသ၏ ကံကြမ္မာကို အညာဒေသရှိ ပြည်သူတို့က ဖန်တီးခွင့် ရရှိရေးအတွက် ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် - BNRAကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရရှိသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ကို အခြေခံသည့် နိုင်ငံရေးမူဝါဒတစ်ရပ် ပေါ်ပေါက်ရေး၊ အာဏာရှင်စနစ်ဟူသမျှ အပြီးသတ်ချုပ်ငြိမ်းရေးအတွက် NUG နှင့်အတူ မြေပြင်တော်လှန်ရေးအင်အားစုများဖြစ်သော PDF၊ Local PDF အင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအားလုံးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းအပါအဝင် အညာဒေသ၏ ကံကြမ္မာကို အညာဒေသရှိ ပြည်သူတို့က ဖန်တီးခွင့် ရရှိရေးမှသည် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိမိတို့ ကံကြမ္မာကို မိမိတို့ကသာ ဖန်တီးနိုင်သည့် အခြေအနေသို့ ရောက်ရှိနိုင်ရေးဆိုသည့် အချက်လည်းပါဝင်သည်။

အဆိုပါ ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)တွင် ဗိုလ်နဂါး၏ မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)လည်း ပါဝင်ကြောင်း သိရသည်။

#TachileikNewsAgency