ကဗျာဆရာ ကိုကေဇဝင်း ကျဆုံးခြင်း (၃)နှစ်ပြည့်ပြုလုပ်

ကဗျာဆရာ ကိုကေဇဝင်း ကျဆုံးခြင်း (၃)နှစ်ပြည့်ပြုလုပ်

နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သည့် ကဗျာဆရာ ကိုကေဇဝင်းနှင့် အာဇာနည်သူရဲကောင်းများအား ဂုဏ်ပြုအလေးနီပြုခြင်းအခမ်းနားကို ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် မုံရွာဘုရားနီလမ်းတွင် ကျဆုံးခဲ့သည့် ကိုကေဇဝင်း (၃)နှစ်ပြည့် လွမ်းဆွတ်တမ်းတသောအားဖြင့် မိသားစုဝင်များနှင့်အတူ ကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး အမျှပေးဝေခဲ့သည်ဟု သိရသည်။

မုံရွာမြို့၊ ဘုရားနီအနီး လူထုသပိတ် အကြမ်းဖက် ဖြိုခွင်းခံရမှုကြောင့် နားအနောက်ဘက် ဦးခေါင်းကျည်ထိကာ သေဆုံးခဲ့ရသော ကဗျာဆရာ ကေဇဝင်း(ကိုချမ်းသာဆွေ)သည် ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းရွာ ဇာတိဖြစ်သည်။

၎င်းသည် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ(ဗလကသ)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံတဦးဖြစ်ပြီး ယခင် ၂၀၁၅ ဒီမိုကရေစီပညာရေးသပိတ်တွင်လည်း မတရားဖမ်းဆီးခံခဲ့ရသည်။

#TachileikNewsAgency

Photo: ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း