တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများကို စစ်ကြောင်းထိုးကာ နေအိမ်များအား မွှေနှောက်မီးရှို့သွား

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများကို စစ်ကြောင်းထိုးကာ နေအိမ်များအား မွှေနှောက်မီးရှို့သွား

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား စစ်ကြောင်းထိုးကာ နေအိမ်များအား မွှေနှောက်မီးရှို့ဖျက်ဆီးသွားကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရသည်။

တန့်ဆည်မြိုနယ် ထွေအုပ်ရုံး၊ မြို့မရဲစခန်းမှ ထွက်လာသော ခမရ (၇၀၈)၊ ခမရ (၁၁)မှ အင်အား(၅၀)ပါ စစ်‌ကောင်စီတပ်ဖွဲ့သည် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့က တနယ်ရွာသို့ စစ်ကြောင်းထိုးမွှေနှောက်ပြီးနောက် တစ်ညတပ်စွဲခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ (၆)ရက်နေ့တွင် မှန်ကြိုင်၊ မှန်ရင်း၊ သရက်ကွရွာအား ရောက်ရှိလာပြီး သရက်ကွရွာ၌ တစ်ညတပ်စွဲကာ ဒီဇင်ဘာလ (၇)ရက်နေ့တွင် လမ်းဆုံမြို့အနောက်ဘက် ရွာသစ်ရွာကို ဝင်ရောက်၍ နေအိမ် (၃)လုံးအား မီးရှို့ဖျက်ဆီးကာ ဝရငယ်ရွာသို့ပြောင်းရွှေ့ တပ်စွဲခဲ့သည်ဟု သိရသည်။

ယနေ့ ဒီဇင်ဘာလ (၈)နေ့ရက်နေ့ နံနက်ပိုင်းတွင် ဝရငယ်ရွာမှတဆင့် တန့်ဆည်မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းသို့ ပြန်လည်ဝင်ရောက် သွားကြောင်း သိရသည်။

#TachileikNewsAgency

Photo: တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ