စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော် တပ်ကုန်းရှိ ရဲကင်းစခန်း တစ်ခုကို တော်လှန်ရေးတပ်များ မီးရှို့ ဖျက်ဆီး

Photo: အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု (OPRF - PLA )
Photo: အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု (OPRF - PLA )
စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော် တပ်ကုန်းရှိ ရဲကင်းစခန်း တစ်ခုကို တော်လှန်ရေးတပ်များ မီးရှို့ ဖျက်ဆီး

အာဏာသိမ်းစစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်ဒေသအတွင်း တပ်ကုန်းမြို့နယ်၊ ညောင်ပတ်ကျေးရွာရှိ ညောင်ပတ်ရဲကင်းစခန်းအား  အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု (OPRF - PLA )က ဝင်ရောက်မီးရှို့လိုက်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် အဆိုပါ ရဲစခန်း၌ စစ်ကောင်စီတပ်သားများမှ (၄)လကျော်ကြာ ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် လက်ရှိတွင် တပ်စွဲတော့ခြင်း မရှိသဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ညောင်ပတ်ကျေးရွာ၊ စာသင်ကျောင်းနှင့် ဘုန်းကြီး ကျောင်းတို့တွင် စစ်ကောင်စီတပ်သားများမှ ကား (၆)စီး အင်အားအပြည့်နှင့် တပ်စွဲနေကြာင်း သိရသည်။