ရန်ကုန်မြစ်အတွင်း သင်္ဘောတစ်စီး မီးလောင်

ရန်ကုန်မြစ်အတွင်း သင်္ဘောတစ်စီး မီးလောင်

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး  ရန်ကုန်မြစ်အတွင်း သင်္ဘောတစ်စီး မီးလောင်မှု ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၁)ရက်နေ့ အကူး နံနက်(၂)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ကြည့်မြင်တိုင်၊ အလုံ၊ ကမာရွတ် နှင့် စမ်းချောင်းမြို့နယ်တို့မှာ မီးငြှိမ်းသတ်ယာဉ် စုစုပေါင်း (၄)စီးဖြင့် ငြိမ်းသတ်ခဲ့ရပြီး နံနက်(၃)နာရီ(၃၅)မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

သင်္ဘောစတင် မီးလောင်ချိန်တွင် ရန်ကုန်ရှိ မြို့နယ်တော်တော်များများအထိ ပေါက်ကွဲသံကဲ့သို့ ကျယ်လောင်သည့် အသံကြားရသည်ဟု သိရသော်လည်း မည်သည့် အကြောင်းကြောင့် မီးလောင်သည်ကိုတော့ မသိရသေးပေ။

 

Photo: MFSD, CJ