မင်းတုန်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

မင်းတုန်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

မကွေးတိုင်း မင်းတုန်းမြို့နယ် ကြို့၀၊ ကာမနိုင်ရွာအနီးတွင် စစ်ကောင်စီတပ်ယာဉ်တန်းအား ကျောင်းသားလက်ရုံးတပ်တော်နှင့် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၉)ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မင်းတုန်း (၅)မိုင်ဂိတ်မှ  Fawကား (၂)စီးဖြင့် တက်လာသော ခန့်မှန်း အင်အား(၃၀)ဝန်းကျင်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းအား  ကျောင်းသားလက်ရုံးတပ်‌တော် (SAF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် (၄)တပ်ရင်း (Eagle Force) ၊ လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့ (W.O.L.F)တို့မှ ပူးပေါင်း၍ မိုင်းဆွဲကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်  ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှု‌ကြောင့် စစ်ကောင်စီတပ်ဘက်မှ စစ်ကောင်စီ တပ်သား(၆)ဦး သေဆုံးကာ၊ အရာရှိ (၁)ဦး အပါအဝင် (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကျောင်းသားလက်ရုံးတပ်တော်က ယနေ့ ဒီဇင်ဘာလ (၂၂)ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီး (၄၀)မမ၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့‌ကြောင်း သိရသည်။

#TachileikNewsAgency