ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်အတိုင်း စုန်လာသည့် စစ်ကောင်စီတပ်သင်္ဘောကို ဒေသကာကွယ်ရေးတပ်များ ပစ်ခတ်

ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်အတိုင်း စုန်လာသည့် စစ်ကောင်စီတပ်သင်္ဘောကို ဒေသကာကွယ်ရေးတပ်များ ပစ်ခတ်
စက်တင်ဘာ 29, 2023 | 2021 Military Coup| အခြားဒေသများ

ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်၌ မုံရွာမြို့ အလုံမင်းဒေါင့်ဆိပ်ကမ်းမှထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ သင်္ဘောတစ်စီးကို ယနေ့ စက်တင်ဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း Special Force-11(PDF)ထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၇)ရက်နေ့က စတင်ကာ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ထွက်လာသည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ သင်္ဘောတစ်စီးကို ဒေသကာကွယ်ရေးတပ်များက ရှေ့ထွက်မိုင်းများ၊ လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာလ (၂၈)ရက်နေ့ကလည်း အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်လာသော စစ်သင်္ဘော(၄)စီးနှင့် သစ်၊ ကြေးနီများသယ်ဆောင်လာသော ဖလပ်ခွင်(၁၀)စီးအား ဆားလင်းကြီးမြို့နယ် မြစ်ကြောင်းတွင် ဒေသကာကွယ်ရေးတပ်များက ရှေ့ထွက်မိုင်းများ၊ လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို Special Force-11(PDF)နှင့် ဗန္ဓုလနှင့် အဖွဲ့သားများ LDF၊ Chindwin Fighter Group-CFG တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency