ဆီဆိုင်တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များထံက ခဲယမ်းများနှင့် မူးယစ်ဆေးများ သိမ်းဆည်းရရှိဟု PNLA ထုတ်ပြန်

ဆီဆိုင်တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များထံက ခဲယမ်းများနှင့် မူးယစ်ဆေးများ သိမ်းဆည်းရရှိဟု PNLA ထုတ်ပြန်
ဖေဖော်ဝါရီ 16, 2024 | 2021 Military Coup| ရှမ်းတောင်

 ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့၏ မြောက်ဘက်တနေရာတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ကို လာရောက် ချောင်းမြောင်းပစ်ခတ်သည့် စစ်ကောင်စီတပ်နှင့် PNO တပ်ဖွဲ့ဝင်များထံမှ မူးယစ်ဆေးများ သိမ်းဆည်းရရှိခဲ့ကြောင်း PNLA က ယနေ့ ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၏ လုံခြုံရေးစစ်ကြောင်းကို စစ်ကောင်စီတပ်နှင့် PNLO တို့က ချောင်းမြောင်း ပစ်ခတ်ခြင်းဖြစ်ပြီး ပြန်လည်ရှင်းလင်းရာ ခဲယမ်းအချို့နှင့် မူးယစ်ဆေးဝါးများအား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

သိမ်းဆည်းရရှိခဲ့သည့် အထဲတွင် မူးယစ်ဆေးဝါးအထုပ်ကြီး(၂) ထုပ်၊ အထုပ်သေး(၂)ထုပ်နှင့် ခဲယမ်းကျည်ဆံအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်နှင့် PNO ဘက်က (၂)ဦးထက်မနည်း သေဆုံးသည်ဟုလည်း PNLO က သတင်းထုတ်ပြန်ထားသည်။

 

Photo: PNLA News & Information Department