မြောက်ဦးမြို့ရှိ စစ်ကောင်စီ ခမရ (၅၄၀)တပ်ရင်းတစ်ရင်းလုံးကို AA သိမ်းပိုက်

မြောက်ဦးမြို့ရှိ စစ်ကောင်စီ ခမရ (၅၄၀)တပ်ရင်းတစ်ရင်းလုံးကို AA သိမ်းပိုက်
ဖေဖော်ဝါရီ 1, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ စစ်ကောင်စီတပ် ခမရ (၅၄၀) တပ်ရင်းတစ်ရင်းလုံးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့ ညပိုင်းတွင် ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

အဆိုပါတပ်စခန်းရှိ စစ်ကောင်စီတပ်၏ ခုခံစစ်အား အပြတ်အသတ် ချေမှုန်းနိုင်ခဲ့ပြီးနောက် အလုံးစုံ သိမ်းပိုက်ထားနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မြောက်ဦးမြို့တွင် စစ်ကောင်စီတပ်၏ ခမရ (၅၄၀)၊ ခမရ (၃၇၇)၊ ခမရ (၃၇၈)တပ်ရင်းများရှိပြီး ကျန်ရှိတပ်ရင်း (၂)ခုကိုလည်း တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု သိရသည်။

ထို့အပြင် အဆိုပါတပ်ရင်းများအပြင် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေသော စခန်းတိုင်းကိုလည်း အပြီးသတ် သိမ်းပိုက်ရယူနိုင်ရန် ဆက်လက်တိုက်ခိုက်နေသည်ဟု သိရသည်။

ဇန်နဝါရီလ (၃၀)ရက်နေ့တွင်ပင် ကျောက်တော်အခြေစိုက် ခမရ (၃၇၄)တပ်ရင်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းယူရရှိခဲ့ပြီး မင်းပြားမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ (၉)လက်အောက်ခံ ခမရ (၃၈၀)တပ်ရင်းကိုလည်း AAက ဇန်နဝါရီလ (၂၈)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

#TachileikNewsAgency