ဒဂုံမြို့သစ်(တောင်ပိုင်း) ၇၀ ရပ်ကွက်ရုံး ဗုံးပစ်သွင်း ခံရ

ဒဂုံမြို့သစ်(တောင်ပိုင်း) ၇၀ ရပ်ကွက်ရုံး ဗုံးပစ်သွင်း ခံရ
ဖေဖော်ဝါရီ 14, 2022 | အခြားဒေသများ

ရန်ကုန်အ​ရှေ့ပိုင်းခရိုင်အတွင်း ဒဂုံမြို့သစ်(တောင်ပိုင်း)  (၇၀)ရပ်ကွက်ရုံးကို ယနေ့ ဖေဖော်ဝါရီလ (၁၄)ရက်၊ ညနေ(၅)နာရီခွဲဝန်းကျင်က ဗုံးပစ်သွင်းခံရကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းတိုက်ခိုက်မှုကို SSUG PDF(တောင်ပိုင်းပြည်သူကာကွယ် ရေးအင်အားစု)အဖွဲ့နှင့် Black Peacock အဖွဲတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၎င်းအဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း) (၂၅)ရပ်ကွက်၊ စည်ပင်လမ်းနှင့် သရက်ချောင်းလမ်းထောင့်ရှိ ကြံ့ဖွံ့ရုံးကိုလည်း ယနေ့ နံနက်ပိုင်းက လက်ပစ်‌ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့‌သေးသည်။

ဒါ့အပြင် ဖေဖော်ဝါရီလ(၁၂)ရက်ကလည်း ဒဂုံမြို့သစ်(တောင်ပိုင်း) (၂၅)ရပ်ကွက်၊ မြိတ်လမ်းနှင့်ပုလဲရတနာလမ်းထောင့် (၂၅‌) ဘောလုံးကွင်းထောင့်အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ကင်းတဲကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။