KNLA ထံ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

KNLA ထံ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
ဇန်နဝါရီ 22, 2024 | 2021 Military Coup| အခြားဒေသများ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းတပ်ထံ စစ်ကောင်စီတပ်သား(၃)ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် လာကြောင်း KNU ဗဟိုက ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများသည် အမှတ် (၄၁၀)ခြေမြန်တပ်ရင်းတို့မှဖြစ်ပြီး ဝင်းတာပန်တပ်စခန်းမှ တပ်သား (၂)ဦး၊ လေးကေတပ်စခန်းမှ တပ်သားတစ်ဦးတို့ဖြစ်ကာ ဒူးသထူခရိုင်ရှိ KNLAနှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်အပ်နှံကာ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသူများမှာ ခမရ(၄၁၀) လေးကေစခန်း၊ ဘီးလင်းမြို့နယ်၊ စကခ(၈)ဌာနချုပ်မှ တပ်သား ချစ်ထွေး အသက်(၃၂)နှစ်၊ ခမရ(၄၁၀) ဝင်တာပန်စခန်း၊ ဘီးလင်းမြို့နယ်၊ စကခ(၈)ဌာနချူပ်မှ တပ်သား စိုးနိုင်ဝင်း အသက်(၃၅)နှစ်နှင့် ခမရ(၄၁၀)ဝင်တာပန်စခန်း၊ ဘီးလင်းမြို့နယ်၊ စကခ(၈)ဌာနချူပ်မှ တပ်သား ကျော်မျိုးလှိုင် အသက်(၃၃)နှစ် သူနာပြု(ဆေးမှူး)တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့ (၃)ဦးကို ထိုက်သင့်သည့် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကာ အာဏာသိမ်းစစ်ကောင်စီအား ပြန်လည်တော်လှန်လိုပါက ခွင့်ပြုပေးပြီး မိသားစုအရေးတွက်သာ လုပ်လိုပါက လိုအပ်သည့်အလုပ်ကိုင် အခွင့်အလမ်းနှင့် နေစရာနေရာများကို စီစဥ်ပေးမည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ် ခမရ(၄၁၀)တပ်ရင်း၊ စစ်ကောင်စီ လေးကေတပ်စခန်းသည် ဘီးလင်းမြို့နယ်၊ လေးကေရွာအလယ်တွင် တပ်စွဲထားကာ ဝင်းတာပန်တပ်စခန်းသည် ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ရွာအနီးတွင် တပ်စွဲထားခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: Karen National Union