ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ ၁၁ ရွာမှ ဒေသခံများ ထွက်ပြေးနေရ

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ ၁၁ ရွာမှ ဒေသခံများ ထွက်ပြေးနေရ
ဇန်နဝါရီ 17, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ မြောက်ဘက်ခြမ်းကျေးရွာများကို ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်စစ်ကြောင်းထိုး‌နေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ဆားထုံး၊ တောကျောင်း၊ လက်ပံကျွန်း၊ ထန်းပု၊ ထန်းဇင်၊ ရွာသာ၊ ဒူးထောက်၊ ဘင်္ကား၊ ရွှေကုန်း၊ ဖောင်းကထာ၊ ကျေးပင်ထူး စသည့်ကျေးရွာများ မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ယမန့်နေ့ ဇန်နဝါရီလ (၁၆)ရက်နေ့က မုံရွာဘက်ကမ်းမှ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသို့ ကူးလာသော အင်အား(၁၀၀)ဝန်းကျင်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ဝမ်ပေါင်မှတဆင့် ဆားလင်းကြီးမြို့အတွင်း ဝင်ရောက်စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီထံမှ သိသည်။

#TachileikNewsAgency

Photo: ဆားလင်းကြီးမြို့နယ်-လက်ပံတောင်းတောင်ပင်မသပိတ်