ပျူစောထီးရွာကို ရိက္ခာမပို့နိုင်ဘဲ ပြန်လှည့်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရကာ ကားနှစ်စီးပျက်စီး

ပျူစောထီးရွာကို ရိက္ခာမပို့နိုင်ဘဲ ပြန်လှည့်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရကာ ကားနှစ်စီးပျက်စီး
ဇန်နဝါရီ 14, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း မြိုင်မြို့နယ် ကန်နီရွာ ပျူစောထီးစခန်းကို ရိက္ခာမပို့နိုင်၍ ပြန်လှည့်လာသော စစ်ကောင်စီတပ်ယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ရာ ထောက်ပို့ကား (၂)စီး ပျက်စီးသွားကြောင်း မြိုင်မြို့နယ်တော်လှန်ရေးတပ်များထံမှ သိရသည်။

စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို သရက်ကန်ရွာနှင့် တွင်းမရွာကြားတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့ ညနေပိုင်းမှစ၍ (၁၃)ရက်နေ့ ညပိုင်းအထိ တိုက်ခိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းထောက်ပို့ယာဉ်တန်းကို မိုင်းပွိုင့်(၅)ပွိုင့်ဖြင့် (၆)ကြိမ်၊ အီနာဂါ အလုံး(၅၀)ခန့်ဖြင့် (၄)ကြိမ်တိုင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိသည်ဟု သိရသည်။

တိုက်ခိုက်မှုကြောင့် ထောက်ပို့ကားတစ်စီးကို ဒေသကာကွယ်ရေးတပ်များက သိမ်းဆည်းရမိပြီး တစ်စီးမှာ အပျက်အစီးများဖြင့် ပြန်လည်သယ်ယူသွားကြသည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ - တပ်ခွဲ (၁) - တပ်ခွဲ ၂ (MyaingGaruda PDF)၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ Myaing Warriors တပ်ဖွဲ့၊ MRDFတပ်ဖွဲ့၊  KMDF(ကမ္မတပ်ပေါင်းစု)၊ PDF Kamma(ကမ္မတပ်ပေါင်းစု)တို့က ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Myaing Garuda People's Defense Force