ဘောလခဲမြို့မရဲစခန်းမှ KNDFထံ ဘက်ပြောင်းခိုလှုံသူ နှစ်လအတွင်း ၆ ဦးရှိ

ဘောလခဲမြို့မရဲစခန်းမှ KNDFထံ ဘက်ပြောင်းခိုလှုံသူ နှစ်လအတွင်း ၆ ဦးရှိ
ဇန်နဝါရီ 6, 2024 | 2021 Military Coup| ကယား

စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ လူ့ဂုဏ်သိက္ခာနှင့်အညီ ဘက်ပြောင်းခိုလှုံနိုင်ကြောင်း ဖိတ်ခေါ်ထားသည့် KNDF ထံသို့ ကရင်နီ(ကယား)ပြည်နယ် ဘောလခဲမြို့ရှိ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၆)ဦးသည် နှစ်လအတွင်း ဘက်ပြောင်းလာကြကြောင်း သိရသည်။

အဆိုပါ တပ်ဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း KNDFထံ လက်နက်အပြည့်အစုံဖြင့် ဘက်ပြောင်းခိုလှုံလာခဲ့ကြခြင်းဖြစ်သည်ဟု ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့တွင် KNDFက သတင်းထုတ်ပြန်ထားသည်။

ယင်းတို့အနက် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် မိသားစုနှင့်အတူ ခိုလှုံလာခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် အမျိုးသမီး (၂)ဦးလည်း ပါဝင်သည်ဟု သိရသည်။

ဘောလခဲမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၂)ဦး၊  ဒီဇင်ဘာလ (၅)ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးနှင့် မိသားစုတို့ KNDFထံ ရောက်ရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

KNDFထံ ဘက်ပြောင်းခိုလှုံလာသူများအား ၎င်းတို့၏ ဆန္ဒအတိုင်း သွားလာနေထိုင်ခွင့်ပေးထားသည့်အပြင် ဆုကြေးခံစားခွင့်များကိုပါ ပေးအပ်ထားကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: Karenni Nationalities Defense Force-KNDF