ချောင်းဦးမြို့နယ် လဝကရုံးအနီး စစ်ကောင်စီတပ်သားများ လျှပ်တပြတ်တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံး

ချောင်းဦးမြို့နယ် လဝကရုံးအနီး စစ်ကောင်စီတပ်သားများ လျှပ်တပြတ်တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်း ချောင်းဦးမြို့နယ်လဝကရုံးအနီး စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့က လျှပ်တပြတ်ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၄)ဦးသေပြီး ၎င်းတို့၏ လက်နက်များကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ် မေလ(၄)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်အချိန်က ချောင်းဦးမြို့နယ် လဝကရုံးအနီးတွင် အာဏာသိမ်း စစ်ကောင်စီတပ်သားများကို မုံရွာခရိုင် ချောင်းဦးမြို့နယ်အခြေပြု တပ်ရင်း(၈)မှ ရဲဘော် ဝင်းကျော်သူ ဦးဆောင်သည့် တပ်ဖွဲ့က ကားဖြင့်သွားရောက်ပြီး လျှပ်တပြတ်တိုက်ခိုက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

လျှပ်တပြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား(၄)ဦး သေသွားပြီး ၎င်းတို့၏ သေနတ် (၄)လက် နှင့် ကျည်ဘောက် (၄)ခု၊ ကျည်(၄၉)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။