ဘုတလင်ရှိ စစ်ကောင်စီတပ်ဂိတ်ကို PDFတပ်များ ပစ်ခတ်ရာ လက်နက်ခဲယမ်းတချို့ရရှိ

ဘုတလင်ရှိ စစ်ကောင်စီတပ်ဂိတ်ကို PDFတပ်များ ပစ်ခတ်ရာ လက်နက်ခဲယမ်းတချို့ရရှိ
စက်တင်ဘာ 16, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်ကို ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၆)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်(၂)လက်နှင့် ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း Freedom Revolution Force(FRF)က သတင်းထုတ်ပြန်သည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ ဂိတ်စခန်းကို Freedom Revolution Force(FRF)အဖွဲ့နှင့်အတူ မဟာမိတ် ပူးပေါင်းအဖွဲ့များမှ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား (၆)ဦး သေဆုံးသည်ဟုလည်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့၏ (၇၉)လက်နက်တစ်လက်နှင့် ကျည် (၇)လုံး၊  G 3 တစ်လက်နှင့် ကျည်ဘောက် (၆)ခုအပြင် ကျည်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို Freedom Revolution Force (FRF)၊ ရွှေဘိုခရိုင်တပ်ရင်း(၂၄)နှင့် မဟူရာနတ်ဆိုးတို့က ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo :FRF