တောင်ငူ-လိပ်သိုလ်-လွိုင်ကော်ကားလမ်းရှိ ချောင်းကူးတံတားတစ်စင်း မိုင်းခွဲခံရပြီးပျက်စီး

တောင်ငူ-လိပ်သိုလ်-လွိုင်ကော်ကားလမ်းရှိ ချောင်းကူးတံတားတစ်စင်း မိုင်းခွဲခံရပြီးပျက်စီး

ပဲခူးတိုင်း တောင်ငူ-လိပ်သိုလ်-လွိုင်ကော်ကားလမ်းရှိ ချောင်းကူးတံတားတစ်စင်း ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းက မိုင်းခွဲခံရပြီး ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ တံတားအား စစ်ကောင်စီတပ်က ထောက်ပို့လမ်း‌ကြောင်းအဖြစ် အသုံးပြုနေခြင်းကြောင့် KNU တပ်မဟာ(၂)၊တပ်ရင်း(၅) ပူးပေါင်းတပ်ဖွဲ့ (သံတောင်)မှ ဖောက်ခွဲ ဖြတ်တောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

တံတားနှင့်ပတ်သက်သော ပြန်လည်ပြုပြင်တည်ဆောက်မည့် လုပ်ငန်းစဉ်အသေး၊ အကြီးများတွင် ပါဝင်ပတ်သက်ခြင်းမပြုကြရန်လည်း သံတောင် PDF က အရပ်သားများအား အသိပေးထားသည်။

#TachileikNewsAgency

Photo: People Defence Force - Thandaung